အပိုင်း 77

207 22 0
                                    

Chapter 77

အားလုံး ထိုမြင်ကွင်းကြောင့် တိတ်ဆိတ်သွားလေသည်။

မျက်လုံးတစ်ဖက်အုပ်ထားသည့် ကျင့်ကြံသူတုန်းက တစ်ချက်တည်းဖြင့် ထိခိုက်သွားခဲ့သည်။

ယခုလို အမွေခံအဆင့် မိုယွမ်သည် ဈေးဆိုင်ပိုင်ရှင်ထက်ပင် အဆင်မြင့်၍ အလုပ်ဖြစ်မည်ဟု ထင်ထားကြလေသည်။

သို့သော် နောက်ဆုံး ချက်ပြုတ်ခြင်းအကြောင်း ပြောနေ၏။

ဘာတွေလဲ။

အဲ့တာပြောနေရမယ့် အချိန်လား။

မင်းက အဆင့်မြင့် လက်နက်လေ။

“အဲ့တာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်”

မိုဖုန် လက်ယမ်းပြကာ အတင်းငြင်းနေလေသည်။

သူသည် ပိုက်ဆံများစွာပေး၍ ဝယ်ခဲ့သော်လည်း ယခုလို တိုက်ပွဲမှ ဟင်းချက်သည့်အကြောင်းများ ထပြောနေ၏။

အလိမ်အကြီးကြီးမိပြီဟု ခံစားရလေသည်။

မိုယွမ်လည်း မယုံနိုင်အောင် ဖြစ်နေ၏။

ချင်းယွန်းဂိုဏ်းခေါင်းဆောင်၊ အမွေခံအဆင့် ပညာရှင်အနေဖြင့် ခေါင်းငုံ့တောင်းဆိုခဲ့သော်လည်း ဤသို့ရှက်စရာကိစ္စ ဖြစ်လာမည်ဟု မထင်မိပေ။

သူ မျက်နှာအလွန်ပျက်၍ ဘာဖြစ်နေမှန်းပင် မသိပါ။

“အဲ့တာသူလား။ စကားပြောတတ်တယ်လား။ စိတ်ဝိညာဉ်လက်နက်လား။ မဟုတ်သေးပါဘူး။ ဒီအတွက် ငွေတုံး (၃) တုံးနဲ့ ရောင်းခဲ့တာလေ”

“…”

အားလုံးလန့်၍ စုရင်ကို ဝိုင်းကြည့်နေ၏။

မိုဖုန်ကတော့ မျက်နှာအပျက်ဆုံး ဖြစ်လေသည်။

သူ ရောင်းခဲ့တာလား။ သူက ငွေတုံး (၃) တုံးနဲ့ ရောင်းတာကို ငါက (၉) သိန်း ပေးဝယ်မိတာလား။ ဒီလိုအရူးမျိုး ရှိသေးလား။

လူအုပ်၏ အမူအရာကို သတိမထားမိဘဲ စုရင်ကတော့ သူပြုလုပ်ခဲ့သည့် ဒယ်အိုးမှ စကားပြောနိုင်သည်အား အလွန်အံ့ဩနေသည်။

သူက စကားပြောနိုင်ရင် တခြား ငါလုပ်ခဲ့တဲ့ ပစ္စည်းတွေရော အကုန် ဒီလိုပဲပေါ့။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now