အပိုင်း 92

209 18 0
                                    

Chapter 92

“ဒီကောင်လေး ဘာ​တွေ နားလည်သွားပြန်တာလဲ”

“ငါ သင်ပေးလိုက်တဲ့ ဝက်မွေးမြူရေး ထင်တယ်”

ဝိညာဉ်တစ်ဦးက ပြောလိုက်၏။

“ဒါ ဆရာလမ်းကြောင်းလေ။ ဒါကို အဲ့လောက် လွယ်လွယ် နားလည်သွားတယ်လား။ မင်းသင်တုန်းက သိသာသွားတာ မဟုတ်ဘူးလား”

“မသိသာပါဘူး။ ဒီအတိုင်း ဝက်မွေးမြူရေးကိုပဲ သင်ပေးတာ။ သူ အဲ့လောက် မြန်မြန် သိသွားမယ်လို့ ဘယ်ထင်မှာလဲ”

“ထားပါတော့။ သူ့အရည်အချင်းက အရမ်းမြင့်နေတာ ထင်တယ်။ တော်ပြီ မတွေးတော့ဘူး”

“အမှန်တော့ သိသွားတာလည်း ကောင်းပါတယ်။ ဆရာလမ်းကြောင်းက ကျယ်ပြန့်တော့ ဒါသိရင် တခြားဟာတွေပါ နားလည်သွားတော့မှာ”

“ငါတို့လည်း အကြာကြီး စောင့်စရာ မလိုတော့ဘူးပေါ့”

ထို့နောက် အားလုံး ပျောက်ကွယ်သွားပြန်၏။

စုရင် ငြိမ်နေစဉ် ပြင်ပမှ စိတ်ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်းပျောက်ကွယ်၍ တာအိုစွမ်းအင် ထွက်ပေါ်ကာ အားလုံး ဖြစ်ပျက်ခဲ့သည်များကို မေ့သွားကြလေသည်။ 
“ငါ အဆင့်တက်သွားပြီလား”

“ဆရာဦးလေးသင်တာကို နားထောင်ပြီး တကယ် အဆင့်တက်သွားတာပဲ”

“ဘာဖြစ်ခဲ့တာလဲ”

“သေချာ မမှတ်မိတော့ဘူး။ ခုနက ဘယ်လို ကျင့်ကြံခဲ့လဲရော မှတ်မိလား”

“ဟင့်အင်း”

မှတ်ဉာဏ်များ ဝေဝါး၍ ရှုပ်ထွေးနေကြသည်။

ယွမ်ပုရီတို့လည်း ထိုအခါမှ သက်ပြင်းချနိုင်လေသည်။

အစက ဆရာဦးလေး၏ ကျင့်စဉ်များ ပျံ့နှံ့ကုန်မည်ကို စိုးရိမ်မိသော်လည်း ယခုတော့ သူတို့ အတွေးလွန်ခဲ့ခြင်းသာ ဖြစ်လေသည်။
ဆရာဦးလေး၏ သင်ကြားမှုကို နားထောင်၍ အဆင့်တက်ခဲ့ခြင်းမှလွဲလျှင် ဘာမှမမှတ်မိတော့ပေ။

အကြောင်းအရာကို သေချာ မမှတ်မိသော်လည်း အဆင့်တက်ခြင်းကြောင့် အလွန်ဝမ်းသာနေကြ၏။
စင်ပေါ်သို့ လှမ်းကြည့်လိုက်သောအခါ ဆရာဦးလေးသည် ခုနကလို ချောမောခန့်ညားသည့်ပုံ မဟုတ်ဘဲ မျက်မှောင်ကြုတ်၍ တိတ်ဆိတ်နေလေ၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now