အပိုင်း 64

113 12 0
                                    

Chapter 64

“တော်လိုက်တာကွာ”

စုရင် မြည်းကို ကြည့်ကာ သဘောကျနေသည်။

ငါ အလကားကျွေးမွေးခဲ့ရတာ မဟုတ်ဘူးပဲ။ ဒီလိုအရေးကြီးတဲ့ အခြေအနေမျိုးမှာ တကယ် ယုံကြည်ရတယ်။

“အဲ့လိုနဲ့ မကောင်းဆိုးဝါး သားကောင်အဆင့်အထိ ရောက်တော့မှာများလား”

သူ မြည်းကိုကြည့်ကာ ပြောလိုက်၏။

မြည်းလည်း ခေါင်းပြန်ယမ်းပြလေသည်။

“ငါ အတွေးလွန်နေတာ ထင်ပါတယ်”

စုရင် ရယ်မော၍ ဆို၏။

မြည်းသည် သူနှင့်နေသည်မှာ ကြာပြီဖြစ်ပြီး လူအစားအစာများအား အတူစားနေ၍ သူ့စကားကို နားလည်ခြင်းမှာ မဆန်းပေ။

အင်အားလည်း အနည်းငယ်ပိုရှိလာသလိူ ခံစားမိ၏။ သို့သော် မကောင်းဆိုးဝါး သားကောင်ဖြစ်ရန်မှာ ကျင့်ကြံမှုရှိရပြီး သူ့တွင် ကျင့်စဉ်တောင် မရှိပေ။

“ထားပါ။ အိမ် မြန်မြန် ပြန်ကြတာပေါ့ကွာ”

နေဝင်တော့မည်ကိုကြည့်ကာ စုရင် အချိန်မဆွဲတော့ဘဲ သူ့ခြံရှိရာသို့ ဆက်ပြန်လာခဲ့၏။

မြည်းလည်း သူ့သခင် စိတ်လျှော့သွားမှ သက်ပြင်းချနိုင်လေသည်။

ယန်စီရင်စုဈေး။

မိုယွမ်တို့အဖွဲ့ မင်းသမီးထံ အမြန် ပြေးလာကြသည်။  လမ်းတွင်လည်း ချူကျန်း ရှင်းပြသည်အား နားထောင်ရင်း မျက်နှာ ဖြူဖျော့လာ၏။

“ဘာ စိတ်ဝိညာဉ်အားကောင်းဆေးတွေ တိုက်လိုက်တာလား”

“ဟုတ်ကဲ့”
ချူကျန်း ပြန်ရှင်းပြလိုက်၏။

“မိန်းကလေးက ချီနဲ့ သွေးစွမ်းအင် အားနည်းနေတာလေ။ အသက်ရှူနှုန်းလည်း နှေးနေတော့ ဒီနည်းနဲ့ ဆွဲထားရတာပေါ့။ မဟုတ်ရင် အခုချိန်တောင် မီမှာမဟုတ်…”

“အရူးကောင်”

ရုတ်တရက် ကြမ်းတမ်းသော စကားလုံး ဖြတ်ဝင်လာသည်။

မိုယွမ် ဒေါသတကြီးဖြင့်

“စိတ်ဝိညာဉ် အားကောင်းဆေးက ဂျင်ဆင်း၊ သမင်ချို၊ နှင်းကြာပန်း၊ ကြယ်မြက်စိမ်း၊ နွေနေကြာပန်းနဲ့ တခြား အားကောင်းစေတာတွေ ပေါင်းထားတာ။ ဒီအတိုင်း အားဆေးပဲ။ ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ ကျင့်ကြံသူတို့၊ အင်အားတိုးချင်တဲ့သူတို့ သောက်ရတယ်။ ဒီမိန်းကလေးက ဒီလောက် အားကြီးတဲ့ဆေးကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ။ နောက်ပြီ နှစ်ပေါင်းများစွာ ရောဂါကြောင့် အားနည်းလာတဲ့သူ။ အဲ့တာတိုက်တာ မြန်မြန်သေအောင် သတ်နေသလိုပဲ”
ပိုင်ရိရန် အခြေအနေမဟန်မှန်း တွေးထားခဲ့သော်လည်း မတွေ့ရသည့်ချက်ချင်း ဖြစ်သွားမည် မထင်ခဲ့ပါ။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now