Chapter 81
မည်သူမျှ လာမတိုက်ခိုက်လျှင် သူတို့ (၃) ဦး အဆုံးအထိ ဖုံးကွယ်ထားဦးမည် ဖြစ်၏။
ထို့ကြောင့် သူ ထွက်ပြေးလာစဉ်က မြည်း၏အရှိန်မှာ အလွန်မြန်နေခြင်း ဖြစ်လေသည်။
“သခင်ကျွေးတာတွေ စားရင်း၊ သံစဉ်တွေ နားထောင်ရင်း၊ ပန်းချီတွေ ကြည့်ရင်း၊ သစ်ခုတ်တာ ငေးရင်း စိတ်တွေ ပိုကြည်လင်လာတယ်။ အဲ့လိုနဲ့ စကားပြောသင်ပြီး စွမ်းအင်တွေပါ ရလာတာပဲ”
တိရစ္ဆာန်များ ခေါင်းလေးငုံ့၍ မျက်နှာငယ်နေကြသည်။
“အဲ့လောက် လွယ်လား”
စုရင်ကတော့ မှင်တက်နေ၏။
အစက တိရစ္ဆာန်များ သူမသိအောင်ခိုး၍ ကျင့်ကြံနေသည်ဟု ထင်ခဲ့သည်။ သို့သော် သူ့လုပ်ငန်းစဉ်များကြည့်ရင်း ကျင့်ကြံမှု ရလာသည်ဟု သိလိုက်ရသောကြောင့် အလွန်အံ့ဩနေမိသည်။
အဲ့လောက် လွယ်လား။
သူကျ ဘာလို့ မရှိတာလဲ။ မတရားလိုက်တာ။
ကြက်တူရွေးမှ ခေါင်းငြိမ့်ပြ၍
“စကားစပြောတတ်တည်းက ပြောပြမလို့ပါပဲ သခင်ရယ်။ ဒါပေမဲ့ လိုးဘေးဝိညာဉ်တွေ ပြောတာ ကြားလိုက်လို့။ သူတို့က သခင် ဒီအကြောင်း သိသွားရင် ကျွန်တော်တို့ကို နှင်ထုတ်မှာတဲ့။ အဲ့တာကြောင့် မပြောရဲခဲ့တာပါ”
“သူတို့ပဲလား”
စုရင် မျက်မှောင်ကြုတ်နေမိသည်။
ထိုဘိုးဘေးဝိညာဉ်များမှာ (၁၀) နှစ်လုံး သူ့ကို သင်ကြားပေးခဲ့ကြပြီး ထိုအရာများမှာ သာမာန်သာ ဖြစ်၍ အရည်အချင်းလည်း ပုံမှန်ဟု ပြောခဲ့ကြသည်။
စုရင် အားလုံး ယုံကြည်ခဲ့သော်လည်း ယခုလို ဖုံးကွယ်ထားသည်များ ရှိနေ၍ အံ့ဩမိလေသည်။
ဘာတွေလဲ။
“သခင် ကျွန်တော်တို့ကို နှင်မထုတ်ပါနဲ့နော်။ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုရင်လည်း ချုပ်ပါ့မယ်”
လူငယ်လေးမှ ငြိမ်နေ၍ တိရစ္ဆာန်များ စိတ်လှုပ်ရှားလာ၏။
သူတို့သည် စုရင်နောက်လိုက်၍ တိရစ္ဆာန်အဖြစ် နေခဲ့ကြသော်လည်း အပိုင်ဟူ၍ စာချုပ်မရှိသေးပေ။
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasyမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -