အပိုင်း 21

410 30 0
                                    

Chapter 21: ငါက ကံကောင်းစေတာလား

ချီစုစည်းခြင်းအဆင့်၌ အဆင့် (၃) ဆင့်ကို တစ်အုပ်စု အနေဖြင့် သတ်မှတ်ကြသည်။

အဆင့် (၇) နှင့် (၈) မှာ တစ်ဆင့်သာ ကွာခြားသော်လည်း အမှန်တကယ် အင်အားမှာတော့ မိုးနှင့်မြေကဲ့သို့ ကွဲပြား၏။ သာမာန်အနေအထားမျိုးတွင် အရည်အချင်းရှိသော ကျင့်ကြံသူတစ်ဦးမှာ အဆင့်တစ်ခုတက်ရန် နှစ်ဝက်သို့ တစ်နှစ်မျှ ကြာတတ်သည်။

ယခုတော့ မြည်းစီးလာသော လူငယ်လေးစကား နားထောင်လိုက်သည်နှင့် ချက်ချင်း အဆင့်တက်သွားလေပြီ။

"ဧကန္တ..."

ဖြစ်နိုင်ခြေများကို တွေးရင်း လျှိုချန် တုန်လှုပ်လာမိ၏။

ကျောက်ယွမ်လည်း နားမလည်နိုင်စွာ ငေးကြည့်နေသည်။
"ကျင့်ကြံမှုက တစ်ဆင့်ချင်းဆီ သွားရတာလေ။ ထိပ်တန်းဂိုဏ်းရဲ့ အတော်ဆုံးလူတောင် ဒီလို ခဏအတွင်း အဆင့်တက်အောင် မလုပ်ပေးနိုင်ဘူး။ အဲ့လိုမှ မဟုတ်ရင်ပေါ့..."

လျှိုချန် လက်သီးဆုပ်လျက်

"သူတို့ ကျင့်ကြံနေတာက လူသားတွေအတွက် မဟုတ်ဘူး"

ကျောက်ယွမ် တုန်တုန်ရီရီဖြင့်

"ဟို... နတ်ဆိုးကျင့်စဉ်ဆိုတာလား"

နတ်ဆိုးကျင့်စဉ်မှာ လူတစ်ဦး၏ ကျင့်ကြံမှုကို တစ်ခဏအတွင်း တိုးတက်ပြောင်းလဲစေပါသည်။ သို့သော် ကောင်းကင်ကို ဆန့်ကျင်သော ကျင့်စဉ် ဖြစ်၏။

ထို့ကြောင့် ပြန်ပေးဆပ်ရသည်လည်း ရှိပါသည်။ တဖြည်းဖြည်း လူသားတစ်ယောက်ဘဝမှ လူမဟုတ် တစ္ဆေမဟုတ် အသွင်သို့ ပြောင်းလဲသွားနိုင်၏။
အလွန်အန္တရာယ်များ၍ ကြောက်စရာကောင်းပါသည်။

လျှိုရိမှာ နှစ်ရက်အတွင်း အဆင့် ၃ မှ ၇ အထိ ခုန်တက်သွား၍ သာမာန်တော့ မဟုတ်ပေ။

"နတ်ဆိုးကျင့်စဉ်က နတ်ဆိုးအရှိန်အဝါတွေ ပါမှာမလား။ ကျွန်တော်တို့အဆင့်နဲ့တော့ တွေ့ရမှာ မဟုတ်ဘူး..."

လျှိုချန် မျက်နှာပျက်၍ ထိုမြင်ကွင်းကိုသာ စိုက်ကြည့်နေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now