အပိုင်း 28

383 24 0
                                    

Chapter 28: ဂိုဏ်းများ၏ တပ်မက်မှု

နတ်ဆိုးကျင့်ကြံသူများမှာ သာမာန်တော့ မဟုတ်ပေ။

လျှိုချန့်စကားကို နားထောင်ပြီးနောက် အကြီးအကဲ ဝူယွမ်က

"တောထဲက အိမ်လား"

"ဟုတ်ပါတယ်။ ဂိုဏ်းမြောက်ပိုင်းပါ။ ဟို... အင်မော်တယ် ကျင့်ကြံခန်းတဲ့"

လျှိုချန်က ပြန်ဖြေ၏။

"ဘာ ဘာပြောတယ်"

အကြီးအကဲ ဝူယွမ်မှာ တုန်လှုပ်သွားပြီး

"မ မဖြစ်ဘူး"

အဲ့တာ ဆရာဦးလေး နေတဲ့နေရာပဲ။

နတ်ဆိုးဘုရင် ထိုနေရာ၌ ပေါ်လာခြင်းက ဆရာဦးလေးအတွက် အန္တရာယ်ကြီးပါသည်။

အခြားအကြီးအကဲများလည်း ထိုအကြောင်းကို တွေးမိ၍ မျက်နှာပျက်သွားကြ၏။

ဆရာဦးလေးမှာ အရည်အချင်းရှိပြီး ဖြစ်သော်လည်း နတ်ဆိုးဘုရင်ဆိုသည်မှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရလောက်အောင် ကြောက်စရာကောင်းသူ ဖြစ်လေသည်။
ယခု နတ်ဆိုးဘုရင်မှ ကိုယ်ထင်ပြခြင်းမှာ ဆရာဦးလေး ပျက်စီးသွားပြီလား။

ခေါင်းဆောင်နှင့် အဆင့်မြင့် အကြီးအကဲများ မရှိချိန်တွင် ဆရာဦးလေးပါ မရှိတော့ဘူးလား။ တကယ်သာဆိုလျှင် ဂိုဏ်းအတွက် မျှော်လင့်ချက် မရှိတော့ပေ။

အားလုံးမှုန်မှိုင်း စိတ်ညစ်နေကြ၏။

"လျှိုရိကို ခေါ်ခဲ့စမ်း။ သူ ဘာပြောမလဲ နားထောင်ရမယ်"

ဝူယွမ်က အမိန့်ပေးလိုက်သည်။

ဤအခြေအနေမျိုး၌ တစ်ဖက်တည်းကို နားထောင်၍ မဖြစ်ပါ။

"မဖြစ်ဘူး"
ယွမ်ပုရီက ငြင်းလိုက်၏။

"လျှိုရိသာ တကယ် အဲ့လိုဆိုရင် လျှို့ဝှက်ဆက်သွယ်နေမှာပဲ။ လျှိုရိကို ဖမ်းရင် နတ်ဆိုးဘုရင်ကိုပါ အခွင့်အရေးပေးသလို ဖြစ်သွားမယ်။ ကျွန်တော်တို့ ဘာမှမပြင်ဆင်ဘဲ သွားထိလို့ မဖြစ်ဘူး"

ဝူယွမ်လည်း ဘာဆက်လုပ်ရမည်မသိ ဖြစ်နေတော့သည်။

"အဲ့တာဆို ဘာဆက်လုပ်ကြမလဲ"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now