ခွန်းမြတ်ရာရဲ့ မီးဝင်းဝင်းတောက်မျက်ဝန်းတွေကိုကြည့်ရင်း လရိပ် အရမ်းကျေနပ်နေမိသည်။
"ကျွတ်..!!ကျွတ်..!! နှမျောဖို့ကောင်းလိုက်တာ မေ့မသွားရင်ဒီ့ထက် ဖိုပျော်ဖို့ကောင်းမှာနော် ခွန်း,,........."
ဒီလိုမိန်းမယုတ်ကို ခွန်းမြတ်ရာ,အနားမှာထားပြီး အစ်မတစ်ယောက်လိုရိုသေလေးစားပေးခဲ့တာကို ပြန်တွေးမိပြီး ခွန်း,,အော်ဂလီဆန်မိသည်။
"ကျုပ်ကျိန်ဆိုတယ် ဒီနေ့ကျုပ်မသေခဲ့ရင်ခဗျားသေရမယ်!!"
"ဟင်း.....!!ဟင်း.....!ဟင်း....!!ဟ...ဟား....ဟား...."
"တို့ သေရမယ်ဆိုရင်တောင် ပျော်စရာလေးတွေဖန်တီးပြီးမှသေမယ်လေ ဟုတ်တယ်မလားခွန်း,,"
"သူကို ပြန်သတိရလာ အောင်လုပ်လိုက်!!"
"ဘာလုပ်နေကြတာလဲ!! နင်တို့ကို ဒီကောင်မပြန်သတိရလာအောင်လုပ်လိုက်လို့ပြောနေတယ်!!"
"ခန နေလောက်မှ...."
"မလိုချင်ဘူး!! အခုချက်ခြင်းပဲသူ့ကိုနိုးလိုက်!! နင်တို့ကိုငါပိုက်ဆံပေးခိုင်းထားတာ ငါပြောတဲ့အတိုင်းလုပ် လျှာမရှည်နဲ့!!"
သိုက်စိုးတို့အဖွဲ့ အခုမြင်ရတဲ့မြင်ကွင်းကြောင့် စိတ်မသက်မသာဖြစ်သော်လည်း ဘာမှမလုပ်ပေးနိုင်....ပိုက်ဆံပြန်ပေးပြီး ထွက်လာလိုက်ရင်လည်း ဒီကောင်မလေးနှစ်ယောက်အားဘာအကူညီမှ ရမည်မဟုတ် ဘာမှမထူးတဲ့အဆုံး ခိုင်းတဲ့အတိုင်းသာလုပ်ရတော့သည်"
"ဗွမ်း!!!!!!!!"
"အဟွတ်...!!အဟွတ်!!!........အဟွတ်!!!!......"
"ငယ်,,......!!ငယ်,,......!!!!!"
ငယ့်,,တစ်ကိုယ်လုံး ရေတွေရွှဲရွှဲစိုနေပေမဲ့ တစ်ကိုယ်လုံးကပူလောင်နေသည်။
"မိန်းမယုတ်မ!!! ခဗျား!!"
လရိပ် သံပုံးထဲက မီးရဲနေတဲ့သံချောင်းတစ်ခုကို အဝတ်စနဲ့ထက်မံ ယူလိုက်ကာ
"ဒီတစ်ခါ ဒီမျက်နှာလေးပေါ်ကို တံဆပ်ကပ်ပေးမယ်နော် ဟင်း...!ဟင်း......!"
"အား...........!!!!!"
"ဝုန်း!!!!!!!"
"ခွန်းမြတ်ရာ...!!"