"ငယ်,,.........ငယ်,,"
"ငယ်,,...."
"ဟင်!........ဟို.......ခွန်း,,ဘာပြောလိုက်တာလဲဟင် ငယ်မကြားလိုက်လို့...."
အတွေးလွန်နေတဲ့ ခလေးငယ်ရဲ့လက်ဖဝါးနုနုလေးကိုဆုပ်ကိုင်လိုက်တော့ အေးစက်လို့......
"ငယ်,,ဘာတွေတွေးနေတာလဲကွာ လက်ခလေးတွေလည်းအေးစက်နေတာပဲ"
"ဟို.........အန်တီနဲ့ဦးတို့ကို တွေ့ရတော့မှာဆိုတော့ ငယ်,,စိတ်လှုတ်ရှားနေလို့....."
အိမ်ကိုရောက်ခါနီးလာတော့ ငယ့်,,စိတ်တွေလှုတ်ရှားပြီး တစ်ကိုယ်လုံးအေးစက်လာသလို ခံစားနေရတာဖြစ်သည်။
"ကိုယ်ဖက်ထားပေးမယ် ကိုယ့်ရင်ခွင်ထဲလာ"
ခွန်း,,ကပြောပြောဆိုဆိုနဲ့ ငယ့်,,ကိုယ်လေးကိုဆွဲကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့ ငယ်,,ကားမောင်းနေတဲ့အစ်ကိုတီရန်ဒ်ငယ်,,လှမ်းကြည့်လိုက်တော့ ကားကိုပဲအာရုံစိုက်မောငနေတာမလို့တော်သေးသည်။
ဒီအဖြစ်ပျက်တွေကိုသိသွားရင် မာမီတို့ စိတ်ပူသွားမှာဆိုးတာကြောင့် ခွန်း,,ခရီးထွက်နေတယ်လို့ပဲ မာမီနဲ့ဒယ်ဒီ့ကိုပြောခိုင်းထားတာမလို့ တစ်ခြားတွေးပူစရာမလို သို့သော် ဆေးရုံမှာ နှစ်ပတ်ကျော်ထိနေလိုက်ရတာကြောင့်ဆေးရုံဆင်းတာနဲ့ မာမီ့တို့ဆီ အရင်သွားတွေ့ရတာဖြစ်သည်။ မာမီတို့ အပြင်တစ်ခြားသူများရှိနေသေးတာကိုတော့ ငယ့်,,ကိုအိမ်ရောက်မှပဲ သိပါစေတော့ အခုတောင်စိတ်လှုတ်ရှားပြီး ငယ့်,,တစ်ကိုယ်လုံး အေးစက်နေတာကြောင့် ရင်ခွင်ထဲထည့်ကာပွေ့ဖက်ထားလိုက်သည်။
တီး.......တီး........တီး..........
"ခွန်း,,လေးလာပြီ.........."
"မာမီ့ရဲ့ အဆိုးလေးအခုမှပဲပေါ်လာတော့တယ်"
"ဟော....!မာမီကအပြင်မှာထွက်စောင့်နေတာလား"
ခွန်း,,ကားပေါ်ကဆင်းတာနဲ့ မာမီကအနားရောက်လာပြီး ခွန်း,,ကိုပွေ့ဖက်ကာ အလွမ်းသယ်တော့သည်။
"လွမ်းတော့လည်းစောင့်ရတာပေါ့ မာမီ့ရဲ့အဆိုးလေးက မာမီ့ကိုပြစ်ထားတာကို..."
"ခွန်း,,တောင်းပန်ပါတယ်ဗျာ မာမီ့ကိုစိတ်မကောင်းဖြစ်အောင်လုပ်မိလို့"