မျက်လုံးဖွင့်လိုက်သည်နှင့် စူးရှသောအလင်းရောင်ကြောင့် မျက်လုံးများပြာဝေသွားကာ မျက်နှာကိုလက်နဲ့ အမြန်ကွယ်လိုက်ပြီး အားယူ၍မျက်လုံးများပြန်ဖွင့်ကြည့်လိုက်တော့မှ မျက်နှာကြပ်ဖြူဖြူတို့ကို မြင်ရသည်။
"အင်း......ဟင်း......"
ရှည်လျှာလှတဲ့ အိမ်မက်ထဲကနေ ခွန်း,,နိုးလာခဲ့ပါပြီ နိုးလာရတဲ့အကြောင်းရင်းကတော့ ခွန်း,,ပါးလေးတစ်ဖက်နွေးသွားသည်အထိအနမ်းပေးပြီး နိုးလာပါတော့နော်ဆိုတဲ့ အသံပိုင်ရှင်ကြောင့်ပင်ဖြစ်သည်။
"ငယ်,,!!''
ခွန်း,,ဦးနှောက်က အလုပ်ပြန်လုပ်သည်နှင့် ပထမဆုံးသတိရမိသူမှာ ငယ့်,,ကိုသာ......... ရုတ်တစ်ရက် စိုးရိမ်စိတ်တို့ဝင်ရောက်လာကာ ထမယ်အလုပ် ကုတင်ဘေးတွင် ခွန်း,,ရဲ့လက်ဖဝါးကိုဆုပ်ကိုင်၍အိပ်ပျော်နေသူလေးကြောင့် ရင်အေးသွားရသည်။
အိပ်ပျော်သွားတာမကြာသေးဘူးထင်ပါရဲ နှစ်ချိုက်စွားကိုအိပ်ပျော်နေတာ ပါးလေးတစ်ဖက်ကိုဖိအိပ်ထားသဖြင့် အနဲငယ်စူထွက်နေသည့် နှုတ်ခမ်းလေးကအသဲယားစရာကောင်းနေလိုက်တာ
"ငယ်......."
"အင်း........"
ဆုပ်ကိုင်ထားတဲ့ ခွန်း,,ရဲ့လက်ကိုအသာဆွဲထုပ်တော့ အိပ်မောကျနေသူလေးကအင့်အဲလုပ်ကာ ပိုတိုးလို့တင်းကျပ်စွာဆုပ်ကိုင်ထားတာကြောင့် ခွန်း,,မလှုတ်တော့ပဲ ခေါင်းလေးကိုအသာပွတ်ပေးလိုက်ပြီး ငယ့်,,မျက်နှာလေးကို နေရောင်မထိုးအောင်ခွန်း,,ခန္ဓာကိုယ်ကိုအနဲငယ်စောင်းကာ အိပ်ပျော်နေသူလေး အနှောက်ယှက်မဖြစ်စေရန် ငြိမ်ငြိမ်လေးနေပေးနေလိုက်သည်။
ဒါဟာအိမ်မက် မဟုတ်ကြောင်းကို ဆေးပိုက်တပ်ထားတဲ့လက်လေးကို ကိုက်ကြည့်လိုက် နာတဲ့ခံစားမှုရလာတော့ဒါအိမ်မဟုတ်လို့ပြုံးမိလိုက် ကိုယ့်ပေါင်ကိုဆွဲစိတ်ကြည့်လိုက်နဲ့ ခွန်း,,တစ်ယောက်ထဲအလုပ်ရှုပ်နေရသည်။
အိပ်ပျော်နေသူလေးရဲ့ ခေါင်းကိုဖွဖွလေးပွတ်ပေးပြီး နားထင်စပ်နားက ဆံနွယ်လေးတွေးသပ်တင်ပေးရင်း ခပ်တိုးတိုးလေးရေရွတ်မိသည်မှာလည်း.........