"အထွေးရယ် ဒါလေးလည်းလှပါတယ်ဟဲ....."
"ငါနဲ့သိပ်မလိုက်ဘူးလားလို့လေ အစိမ်ရောင်ကြီးဆိုတော့ ငါ့အသားရောင်နဲ့က အဂွမ်း"
"အဲဒါလည်းဟုတ်သား နင့်အသားကမဲမဲနဲ့....."
"အရီမနော်!! ငါ့အသားရေက နဲနဲပဲညိုတာပါနော်...."
"ဟင်း!! ဒီအသားရည်ကညိုတာပေါ..? ဟ...ဟာ...ဟား....!"
"အော်....နင်ကကြတော့တော်တော်ဖြူနေတယ်ပေါ့လေ ဟုတ်လားအရီမ...."
အထွေး နဲ့ အရီကထုံးစံတိုင်ကိုက်နေကြပြီး ဘေးကတစ်ယောက်သောသူလေးကတော့ တရားမှတ်နေတယ်ထင်ရလောက်အောင်ကိုတိတ်စိတ်ငြိမ်သက်လို့ လိုက်လည်းလိုက်ကြပါတယ်လေ သူတို့သုံးကိုကြည့်ရင်း အဲလစ်သဘောကျစွာပြုံးလိုက်မိသည်။
"သမီးအဲလစ်......... အလုပ်တွေအဆင်ပြေရဲ့လား အန်တီလည်းဒီလ အပြင်တွေသိပ်မသွားဖြစ်တော့ သမီးတို့ဆီတောင်မလာလည်ဖြစ်ဘူးကွယ်"
"ပြေပါတယ် အန်တီရဲ့ သမီးလည်းအလုပ်တွေကလက်လွတ်လို့မရတာကြောင့် အန်တီ့ဆီမရောက်ဖြစ်တာ"
အဲလစ် အန်တီ့ကိုမုန့်လေးတွေ ထည့်ကူရင်း အန်တီနဲ့ဟိုဟိုဒီဒီစကားလေးတွေးပြောဖြစ်ကြသည်။ အန်တီက အဲလစ်တို့ မလာတာကြာတော့ ပြောစရာလေးတွေများနေတဲ့ပုံပါပဲ အဲလစ်လည်းအရင်ကဆို အမွှာနှစ်ယောက်နဲ့မကြာခနရောက်ဖြစ်တယ်ဆိုပေမဲ့ ဒီလထဲအလုပ်ကို အကြောင်းပြပြီး ဘန်နီ့,,ကိုလိုက်ကူညီရင်းနဲ့မရောက်ဖြစ် ဘန်နီပျောက်သွားတုန်းကလည်စိတ်ပူလွန်းကာအဲလစ် အပူသည်လိုမအိပ်နိုင်မစားနိုင်ဖြစ်နေတာကြောင့် တစ်ခြားဘယ်အရာကိုမှအာရုံမရနိုင် ကြာညို,,ကိုပြန်မြင်တွေ့ခွင့်ရမှသာလျှင်
အဲလစ်ရင်ထဲကအပူလုံးကြီးကျသွားတော့သည်။ဒီနေ့အမွှာဖြစ်တဲ့အထွေးနဲ့အရီတို့ရဲ့ မွေးနေ့ဖြစ်တာကြောင့် အပန်းဖြေခရီးတိုလေးပြင်ဆင်ထားသည်မလို့ မိုးလင်းထဲကအန်တီတို့အိမ်ရောက်နေတာဖြစ်ပြီး မွေးနေ့ရှင်နှစ်ယာက်ကတော့ မိုးလင်းထဲက အင်းကျီရွေးနေတာ အခုထိမပြီးနိုင် ငယ်,,ကသူတို့ဖွထားသမျှကို လိုက်သိမ်းပေးနေရရှာသည်။