** Ch 4 **

47 5 0
                                    

Unicode:

မှတ်တမ်းမှ အဆက်

စတုတ္ထထပ်က လှေကားကို ကျွန်တော်ရောက်ရောက်ချင်း လောင်ကျန်းတစ်ယောက် ကျွန်တော့်ဆီ ပြေးလာသည်ကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ကျွန်တော့်ကို မြင်သည့်အခါတွင်မှ စိတ်အေးသွားသည့်ဟန်ဖြင့် သက်ပြင်းအရှည်ကြီးချလိုက်သည်။

"လောင်မော့ရေ အခုထိတော့ အားလုံးအဆင်ပြေနေသေးပုံပဲ။" ဟု သူက ခပ်ဖွဖွ ပြောသည်။

"တော်သေးတာပေါ့ကွာ" 

စိတ်သက်သာရာရသွားသည့်ဟန် ပဉ္စမထပ်သို့ ပြန်သွားသည်။

သူက ကျွန်တော့်ကို အနောက်တွင် ချန်ထားရစ်ခဲ့၏။ ထို့ပြင် တစ်စုံတစ်ယောက်က သူ့နောက်သို့ လိုက်လာသလိုမျိုး အမြန်ပြေးသွားသည်။

“ဟ ဒီမှာ ဘာမှ ကြောက်စရာ မရှိပါဘူး”

ကျွန်တော်က ထပ်ပြောသည်။

"အေးပါ"

အားနည်းနေသည့်အသံနှင့် သူက ပြန်ပြောသည်။ 

ကျွန်တော် ပြုံးလိုက်မိသည်။ သို့ရာတွင် ကျွန်တော်တို့၏ ပတ်ဝန်းကျင်မှာ အရင်ကထက် ပိုမိုမည်းမှောင်နေပုံရသည်ဟု ခံစားနေရ၏။ သေချာပတ်ဝန်းကျင်အား ကြည့်လိုက်သောအခါ လောင်ကျန်း၏လက်ထဲမှ ဓာတ်မီးမှာ မီးမဖွင့်ဘဲထားပြီး ကျွန်တော့်လက်ထဲရှိသော ဓာတ်မီးတစ်လက်ထဲကသာ အလင်းရောင်ဖျော့ဖျော့ကျန်နေသေးသည်ကို သတိပြုမိသည်။

"ဘာဖြစ်တာလဲ၊ ဓာတ်မီးက ဘက်ထရီကုန်သွားပြီလား"

ကျွန်တော်မေးလိုက်သည်။

" မသိပါဘူးကွာ၊ ဘယ်လိုပဲဖြစ်ဖြစ် ပထမထပ်ကို ငါ ဆင်းသွားတော့ မှောင်မည်းနေတာ၊ ဒါကြောင့်မို့ ငါ တော်တော်ကြောက်သွားတယ်" 

တစ်ခုခုအားကြောက်ရွံ့နေသည့်ပုံစံဖြင့် သူဖြေလိုက်သည်။

ကျွန်တော်က "အို" ဟု တစ်လုံးထဲသာ ပြန်ဖြေနိုင်တော့သည်။ ကျွန်တော်တို့နှစ်ယောက်လုံး လုံခြုံရေးဂျူတီခန်းသို့ အမြန်ပြန်လာခဲ့သည်။

အခန်းကို သေချာသပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် မနက် ၂ နာရီခွဲ နီးပါးလောက်ရှိပြီဖြစ်သည့်အတွက် အိပ်ရာဝင်လိုက်တော့သည်။

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now