** Ch 3 **

35 5 0
                                    

Unicode:

Chapter ( 3 )

မှတ်တမ်း- မော့ကျုံးကွီ (၁၉၉၉ မှ ၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ညကင်းစောင့်)

ကျွန်တော်သည် ယနေ့ည လောင်ကျန်း (ကျန်းပင်း) နဲ့ အတူ ညဂျူတီကျပြန်သည်။ ပထမထပ် အရေးပေါ်ခန်းရှိ ဆရာဝန်များ နှင့် သူနာပြုဌာနတွင်လည်း သူနာပြုအနည်းအကျဉ်းရှိ‌သေးသည်။ အတွင်းလူနာဌာနတွင် ယခုအချိန်‌ထိ မီးဖွင့်ကာ ဧည့်တွေ့လက်ခံသေးသော်လည်း ည ၁၁ နာရီတွင် ဧည့်တွေ့ပိတ်မည်ဖြစ်သည်။

၁၁ နာရီတိတိတွင် ဤခြောက်ထပ်အဆောက်အဦးတစ်ခုလုံး လူရှင်းသွားကြသည်။ တုန်းဟွာဆေးရုံရှိ ညခင်းသည် အခြားဆေးရုံများထက် ပိုမိုမှောင်မိုက်နေသည်ဟု ခံစားမိသည်။ အမှောင်ထုကြီးက သိပ်သည်းလာသော်လည်း ညအလင်းမီးများကို ကျွန်တော်တို့အနေဖြင့် ညလုံးပေါက်ထွန်းမထားနိုင်ပေ။ ပထမအကြိမ်လှည့်ကင်းသည် ကျွန်တော့်အလှည့်ဖြစ်သဖြင့် လောင်ကျန်းသည် သူ့အိပ်ရာပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ခေါက်ဆွဲပုတ်များ စားသောက်လျက်ရှိသည်။ ကျွန်တော်သည်လည်း ဓာတ်မီးကို ယူ၍ စတင်ကင်းလှည့်ရန် ပြင်ဆင်လိုက်သည်။

ကျွန်တော် ဤဆေးရုံသို့ အလုပ်ဝင်သည်မှာ ငါးလမျှသာရှိသေး၏။ သို့သော် ကျွန်တော်ကြားထားသည့်သတင်းများမှာ ဆေးရုံရှိ ညစောင့်များသည် အလွန်ဆုံးနှစ်ဝက်လောက်အထိသာ အလုပ်လုပ်၍ ထွက်သွားလေ့ရှိသည် ဟူ၍ ဖြစ်သည်။ ည ၁၁ နာရီမှသည် ညသန်းခေါင်ယံသို့ တဖြည်းဖြည်းရောက်လာသောအခါ မြေညီထပ်မှ အပေါ်ဆုံးထပ်အထိ တစ်ထပ်ပြီးတစ်ထပ် ကင်းလှည့်၍ ပြတင်းပေါက်များ၊ တံခါးပေါက်များကို စစ်ဆေး၏။ ဆေးရုံတွင် လျှပ်စစ်ဓာတ်အား သိုလှောင်နိုင်သော မီးသီးများမရှိသဖြင့် ညဘက်တွင် မီးသီး အားလုံးကို ပိတ်ထားရသည်။

ကျွန်တော်သည် လှေကားထစ်ကို ဖြည်းညင်းစွာ တက်ခဲ့၏။ ဓာတ်မီး၏ မီးလုံးအရောင်မှာ မှန်ဖျော့ဖျော့ဝါကျင့်ကျင့်ဖြစ်သည်။ ယမန်နှစ်က ဓာတ်လှေကားကို စတင်တည်ဆောက်ထားသော်လည်း ထိုလှေကားကို အသုံးပြုမှု နည်းပါး၏။ လွန်ခဲ့သည့် နာရီပိုင်းကတည်းကပင် ထိုလှေကားအား မသုံးစွဲရန် တားမြစ်ခံထားရသည်။

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now