** Ch 10 **

40 4 0
                                    

Unicode:

[မှတ်တမ်းမှ အဆက်]

စိတ်ထဲတွင် အနည်းငယ်တော့ စနိုးစနောင့် ဖြစ်သွားသည်။ သို့သော် သရဲဇာတ်လမ်းများ ကြားဖူးနေသောကြောင့်သာ ထင်ယောင်ထင်မှားဖြစ်နေခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ထို့ကြောင့် သတ္တိမွေးကာ လှေကားများကို ဆက်ပြီး တက်လိုက်သည်။ 

သို့သော် စတုတ္ထထပ်သို့ မရောက်ခင်လေးမှာပင် အမှောင်ထဲမှ ကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ ကလေး၏ ဟက်ဟက်ပက်ပက်ရယ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရပြီး ထိုရယ်သံသည် လှေကားတစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။

ကျွန်မလည်း အရမ်းကြောက်သွားသဖြင့် ဓာတ်မီးကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိသည်။

" ဒီလောက်နောက်ကျနေပြီကို စတုတ္ထထပ်မှာ ဘယ်လိုလုပ် ကလေးအသံကြားနေရပါလိမ့်။ ကလေးက ရယ်လဲရယ်နေသေးတယ် "

ကျွန်မစိတ်များ ဂယောက်ဂယက်ဖြစ်နေရာမှ ပြန်လည်တည်ငြိမ်စပြုချိန်တွင် ကလေးအသံမှာ ရပ်သွားသည်။ ထို့ကြောင့် အလွန်အမင်းတိတ်ဆိတ်သွားပြီး အစောက ရယ်သံမှာ လုံးဝဥဿုံပျောက်သွားလေ၏။

" ဘယ်လိုလူယုတ်မာကများ ကလေးကို သန့်စင်ခန်းထဲ လာပစ်ထားရတာပါလိမ့် "

" ဒါပေမယ့်လည်း တကယ်လို့ စွန့်ပစ်ထားတယ်ဆိုရင်တောင် ကလေးက ဘာလို့ ရုတ်တရက်ထရယ်ရတာလဲ "

အခြေအနေကို သေချာသဘောပေါက်သွားပြီးနောက်တွင်တော့ ကျွန်မ ချွေးစေးများထွက်လာခဲ့ရသည်။ ကျွန်မစိတ်ထဲတွင်တော့ ကလေးသည် ရေအိမ် မုတ်ခွက်အဝိုင်းပျက်ကြီးပေါ်တွင် ရှိနေသည်ဟု မြင်ယောင်လာမိသည်။ ထိုကလေးအား အဝတ်များဖြင့် ကျပ်သိပ်နေအောင် စည်းတုပ်ထားပြီး ဖြူရော်ရော်မျက်နှာတစ်ခုသာ ပေါ်နေလိမ့်မည်။ ကလေးနှုတ်ခမ်းများမှာ စေ့နေရာမှ ရုတ်တရက် ဆတ်ခနဲပွင့်သွားပြီး စောနက ကြားရသကဲ့သို့ ရယ်သံများထွက်လာလိမ့်မည်။

ကျွန်မစိတ်ထဲတွင် ပေါ်လာသော အတွေးပုံရိပ်များနှင့်ပင် ကြောက်ကြောက်နှင့် ရေအိမ်ဝင်ခဲ့ရသည်။ ထို့နောက် တစ်ချိုးတည်းလှည့်ကာ အောက်ထပ်သို့ ပြန်ပြေးလိုက်တော့သည်။

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now