** Ch 5 **

38 5 0
                                    

Unicode:

“ဒီတော့ ငါတို့ ဓာတ်လှေကားထဲမှာ အစားမခံရခင် ဒီကနေ လွတ်မြောက်အောင်လုပ်ရမယ်။” 

လုရှားသည်စကားကို တစ်လုံးခြင်းသေချာပြောကာ ခါတိုင်းနှင့်မတူဘဲ စိတ်ဝင်တစားနှင့် အမူအရာမှာလည်း ပိုမိုလေးနက်သည့်အသွင်ဆောင်နေသည်။ 

“ဒီနေရာကနေ လွတ်မြောက်ဖို့ ဟုတ်လား။”

လုရှားပြောနေသော စကားသည် ဘာကိုဆိုလိုမှန်း စူကျန်းသေချာ နားမလည်ပေ။ သူ၏ ယခုအချိန်ထိနေလာသော ဘဝအတွေ့အကြုံအရ  ‘လွတ်မြောက်ခြင်း’ ဟူသော စကားလုံးသည် အန္တရာယ်ထဲတွင် ကျရောက်နေသောအချိန်နှင့် ထိုဘေးအန္တရာယ်မှလွတ်၍ ရှင်သန်နိုင်ခြေရှိသော အခြေအနေများတွင်သာ အသုံးပြုကြောင်း သိထားသည်။

ထို့ကြောင့် ထိုစကားလုံးကို ဤနေရာတွင် အသုံးပြုသည်မှာ ဆီလျော်မှုသိပ်မရှိကြောင်း ခံစားမိနေသည်။ 

‘ငါတို့ရဲ့ လက်ရှိအခြေအနေက အန္တရာယ်ရှိတယ်လို့ မထင်သေးလို့များလား။’

‘ဒါမှမဟုတ် ဒီနေရာမှာ အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူးလို့ သူထင်ခဲ့တာလား။’

‘ဟုတ်တယ် အရင်ကတော့ ဘယ်သူမှ လွတ်မသွားနိုင်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့'

စူကျန်းသည် တစ်ယောက်တည်းတွေးကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

“ဘယ်သူမှ အောင်အောင်မြင်မြင်လွတ်မသွားနိုင်ခဲ့ပေမယ့်ကွာ”

လုရှားက သရော်တော်တော်ပြုံး၍ ပြောလိုက်သည်။ 

“လုရှား” 

စူကျန်း သည် သူ့သူငယ်ချင်းဖြစ်သူက ထိုသို့ပြောလိုက်သောအခါ ကျွဲမြီးတိုသွားသည်။ 

လုရှား ပခုံးတွန့်ပြလိုက်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စူကျန်းသည် သူနှင့် သဘောထားချင်း မတူညီကြောင်း သိသိသာသာနားလည်သွားသည်။ သို့သော် ထိုသို့သော အကျပ်အတည်းမျိုးနှင့် ရင်ဆိုင်ရသောအခါ လူတိုင်းသည် ခေါင်းထဲတွင် ဗလာဖြစ်သွားတတ်ကြောင်း စူကျန်းတစ်ယောက် ယနေ့အချိန်ထိ မသိသေးချေ။ ထို့ပြင် ထိုလူများသည် နားလည်လွယ်သော ယုတ္တိဗေဒကျကျ ဖြေရှင်းနည်းအတွက် သိပ္ပံနည်း မကျကျအောင် ရိုးရိုးစင်းစင်း စဉ်းစားကြပြန်သေးသည်။ 

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now