** Ch 7 **

21 6 0
                                    

Unicode:

“လောင်မော့ရဲ့ မှတ်တမ်းကို သေချာပြန်ကြည့်လိုက်ဦး” 

လုရှားသည် စာအုပ်ကို စူကျန်း၏လက်ထဲသို့ ထည့်လိုက်သည်။

“ဘာကိုလဲ” 

စူကျန်းသည် လုရှား၏ စကားကို သေချာ သဘောမပေါက်ပေ။ 

“ဘာလို့ ငါက.......”

သူစကားပြော၍ မပြီးသေးခင်မှာပင် သူ့ခန္ဓာကိုယ်ကို လုရှားက ဖိချလိုက်သဖြင့် ရုတ်တရက် အသံတိတ်သွားမိသည်။ 

“ရှပ်...ရှပ်...ရှပ်.....”

ခြေသံများ....

ခြေသံများအား ကြားနေရပြန်သည်။

အဆိုပါ ခြေသံများသည် သန်းခေါင်ယံ အချက်ပေး ခေါင်းလောင်းသံကဲ့သို့ မြည်လာ၏။ ခေါင်းလောင်သံကဲ့သို့ တစ်ချက်ပြီးတစ်ချက်၊ မရပ်မနားပင် ဖြစ်သည်။ 

ထိုအသံသည် အောက်ထပ်သို့ ဆင်းသွားသံဖြစ်သည်။

စူကျန်းမှာ ခန္ဓာကိုယ်ကို လှုပ်ကြည့်သော်လည်း လုရှားက အပေါ်မှ တင်းတင်းကြပ်ကြပ်ဖိထားသည်။ 

ခြေလှမ်းသံ ၁၃ ချက် ကြားရပြီးနောက် ခြေရာများမှာ ခပ်တိုးတိုးဖြစ်သွားသည်။ သို့ရာတွင် ခြေသံတစ်ချက်ချင်းစီတိုင်းကို သူတို့သေချာ နားစွင့်နေကြဆဲဖြစ်သည်။

တစ်ခဏမျှကြာသောအခါတွင်တော့ စူကျန်းသည် သူ့ကိုယ်ပေါ်ထပ်နေသော ခပ်ကုန်းကုန်း ခန္ဓာကိုယ်ကြောင့် အလွန်လေးလံလာသလို ခံစားနေရသည်။

“ဆက်ပြီး နားစွင့်ထားရအောင်” 

လုရှားသည် စူကျန်း၏ နားနှင့် ကပ်၍ တိုးတိုးလေးပြောသည်။

နောက်ထပ် ဆယ့်သုံးလှမ်း လှမ်းသံကို ကြားရသည်။ ထို့နောက် လှေကားထစ်ရှည်ကြီးကို ဆင်းသည်။ စုစုပေါင်း အထပ် နှစ်ထပ်ဖြစ်၏။

“ရှပ်..... ရှပ်.....ရှပ်”

ထိုသူသည် အောက်ထပ်သို့ ဆင်းနေဆဲဖြစ်၏။

မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိတော့သော ပိန်းပိတ်လှသည့် အမှောင်ထုသည် စူကျန်းတို့နှစ်ဦးသားအပေါ် သက်ရောက်ထားလေသည်။

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now