** Ch 2 **

37 7 0
                                    

Unicode:

"လူတွေ အကုန်လုံးဘယ်ရောက်သွားကြတာလဲ။ မှန်ကြီးကရော ဘယ်ရောက်သွားတာလဲ။ ဆေးရုံက ရုတ်တရက်ကြီး ဘာဖြစ်သွားရတာလဲ။"

"လေထုကရော ဘာလို့ကြောက်ဖို့ကောင်းတယ်လို့ ခံစားနေရတာလဲ"

ပိန်းပိတ်အောင် မှောင်မည်းလှသော အမှောင်ထုနှင့် တိတ်ဆိတ်မှုကသာ ပဉ္စမထပ်ကို လွှမ်းခြုံထားလေသည်။

လုရှားက စူကျန်းကို တိုးတိုးလေးပြောလိုက်သည်။ "ကျန်း နားထောင်ဦး၊ ငါအခု တစ်ကနေ သုံးအထိ ရေလိုက်မယ်။ ငါတို့မျက်လုံးတွေကိုအတင်းမှိတ်ပြီး ဌာနမှူးရုံးခန်းဆီကို ဓာတ်လှေကားရှိတဲ့ထောင့်ကနေ အမြန်ဖြတ်ပြေးရအောင်"

"လုရှား ဓာတ်လှေကားနဲ့ မျက်နှာချင်းဆိုင်မှာကော မှန်တစ်ချပ်ရှိလား"

လုရှားသည် ရုတ်တရက် ခေါင်းကို သူ့ဖက်သို့လှည့်ကာ စိတ်ရှုပ်ထွေးနေသည့်ဟန်ဖြင့် စိုက်ကြည့်ရင်း အချိန်အတော်ကြာပြီးတွင်မှ ပြန်ဖြေလိုက်သည်။

"ဒီအဆောက်အဦးထဲက ဓာတ်လှေကားနဲ့ မျက်နှာချင်းဆိုင်တွေမှာ မှန်တစ်ချပ်မှ မရှိဘူး"

"မဖြစ်နိုင်ဘူး "

စူကျန်းကက သူ့ကိုယ်သူ တတွတ်တွတ်ရွတ်ရင်း ပြောလိုက်သည်။

"အဲဒါဆို ခြောက်ထပ်က မှန်ကိုရော ငါဘာလို့မြင်လိုက်ရတာလဲ။"

"ဒါမှမဟုတ် ... အစကတည်းက ခြောက်ထပ်မှာ မှန်တစ်ချပ်မှ မရှိခဲ့တာများ ဖြစ်နိုင်သလား။ ငါ အမြင်မှားတာများလား။"

"သွားရအောင်ကွ"

လုရှားသည် စူကျန်း၏ ပခုံးကို ပုတ်လိုက်သည်။

"ငါ စပြီး ရေပြီနော်"

"တစ်....နှစ်....သုံး...."

သူတို့နှစ်ယောက်သားလုံး ထောင့်စွန်းဆီသို့ ပြိုင်တူပြေးသွားကြသည်။ သူတို့အနောက်တွင် လေပြင်းတိုက်သံကို ကြားနေရ၏။

"ဒီမှာ ဒီနေရာပဲဖြစ်ရမယ်။"

စူကျန်းကတွေးပြီး မျက်လုံးကိုဖွင့်လိုက်သည်။

သူတို့သည် ဓာတ်လှေကားကိုကျော်၍ ပြေးကြ၏။ စူကျန်း ဓာတ်လှေကားအနားမှ ဖြတ်ပြေးသွားသည့်အခါ ဓာတ်လှေကားတံခါးများမှာ ပွင့်မနေချေ။

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now