Unicode:
မှတ်တမ်းရေးသူ: လီတင်း (၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တရုတ်တိုင်းရင်းဆေးပညာဌာနတွင် သူနာပြုတာဝန်ထမ်းဆောင်ခဲ့သူ)
တိုင်းရင်းဆေးဌာနကို တခြားတစ်နေရာသို့ ပြောင်းရသောကြောင့် ကျွန်မတို့ဝန်ထမ်းများအားလုံး စိတ်ညစ်နေကြသည်။
‘ဘာလို့များ ဒီဌာနတစ်ခုထဲ သပ်သပ်ကြီး ပြောင်းနေရတာပါလိမ့်'
မည်သူမျှ မသိကြချေ။ သို့သော် ဥက္ကဌ၏ ရုံးခန်းမှာ နဂိုမူလနေရာတွင်သာ ရှိနေသည်။
‘ဌာနက ဘယ်သမားတော်ကြောင့်များ ပြောင်းလိုက်ရတာပါလိမ့်'
ယခုပြောင်းရသော အခန်းအသစ်မှာ ကော်ရစ်ဒါ၏ အခြားတစ်ဖက်စွန်းတွင်သာ ဖြစ်သည်။ ထိုအခန်းသည် လူတိုင်းက ကြောက်လန့်နေကြသော အခန်းပင် ဖြစ်၏။
ထိုအခန်းသည် ၂၀၀၀ ခုနှစ်က မီးလောင်ကျွမ်းထားသောအခန်းဖြစ်သည်။ အခန်းမှာ နှစ်ဝက်ခန့် အခန်းလွတ်ကြီးအဖြစ်ရှိနေခဲ့ပြီးမှ ကံဆိုးစွာပင် ကျွန်မတို့ တိုင်းရင်းဆေးဌာနက သွားရောက်အထိုင်ချရမည်ဟု တစ်ခါမျှပင် မတွေးခဲ့မိဖူးပေ။
ကျွန်မကိုယ်တိုင်သည်လည်း သရဲတစ္ဆေအကြောင်းဇာတ်လမ်းများကို ယုံကြည်သူဖြစ်၏။ ဤနေရာတွင် လူတစ်ယောက် သေဆုံးထားသည်။ ပို၍ ဆိုးသည်မှာ သွေးရိုးသားရိုးသေဆုံးခြင်းမဟုတ်ဘဲ အစိမ်းသေသေထားခြင်းဖြစ်သောကြောင့် အခန်းတွင်းမှ ကျွတ်လွတ်ချင်မှ ကျွတ်လွတ်ပေလိမ့်မည်။ ထို့ပြင် မီးသည် မည်မျှအထိ ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့မှန်း မည်သူမျှလည်း မသိကြပေ။ ထိုအမှုဖြစ်ပွားပြီးနောက် ဤအခန်းကို ပိတ်ထားခဲ့သဖြင့် အခန်းမှာ မည်၍မည်ပုံဖြစ်ပျက်သွားမှန်းလည်း မည်သူမှ မသိကြချေ။
အားလုံးထင်ကြသည်က အခန်းတွင်းမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းမည် ဟူ၍ပင် ဖြစ်၏။
ဝန်ထမ်းအများစုကတော့ ဤအခန်းထဲမှ သယ်လာသော အမျိုးသမီးအလောင်းမှာ တစ်ကိုယ်လုံး မီးကျွမ်းထားသဖြင့် မည်းတူးနေပြီး တွန့်လိမ်ကွေးကောက်နေသည့် အနက်ရောင်အလုံးကြီးကဲ့သို့ပင် ဖြစ်နေသည်ဟု ပြောကြ၏။ အဝတ်ဖြူစကို ခန္ဓာကိုယ်ပေါ်တွင် လွှားပေးထားသော်လည်း ပေါ်နေသောအပိုင်းများမှာ မည်းတူးကြွပ်ရွနေကာ ပြာအဖြစ်ပြောင်းရန် တဲတဲလေးသာကျန်တော့သည့် အပိုင်းအစလေးများ ဖြစ်နေကြ၏။
YOU ARE READING
🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺
HorrorGenres _ Horror , Supernatural, slowburn , Survival, Escape, Thriller Total arcs _ 6 arcs Arc 1 _ ညကင်းစောင့် 2 _ အမေနှင့်သမီးသုံးယောက် 3 _ ကောင်ကလေး 4 _ အချစ်ဦး 5 _ လူသေအလောင်း 6 _ ကြိုးဆွဲချလူသား ( Final)