** Ch 12 **

10 3 0
                                    

Unicode:

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” 

စူကျန်းသည် မျက်မှောင်ကြုတ်လျက် အသည်းအသန်တွေးတောနေသည်။

လုရှားသည်လည်း ခေါင်းပူလာအောင် စဉ်းစားရင်း သူ့လက်ကို မြှောက်လိုက်ပြီးမှ စားပွဲပေါ်သို့ ပြန်ချထားလိုက်သည်။ 

“တကယ်တော့ ဒီဖြစ်ရပ်နှစ်ခုက ဆက်စပ်နေတာ မဖြစ်နိုင်လောက်ဘူး။ ဘယ့်နှယ် လူလတ်ပိုင်းအမျိုးသမီးက မီးမရှို့လောက်ပါဘူး။ ငါတို့ မှတ်တမ်းကို ဆက်ဖတ်ကြည့်ရအောင်။”

[ ယနေ့ကြုံခဲ့ရသော အဖြစ်အပျက်ကြောင့် ကျွန်မ ထိတ်လန့်နေသည်။ 

နေ့လယ်စာစားနေစဉ်အတွင်း ကျွန်မသည် မာယွီအားခေါ်ကာ အဒေါ်ကြီး ထိုင်နေကျနေရာသို့ လိုက်ပြသည်။ သို့သော် အဒေါ်ကြီးက ရှိမနေချေ။ ဆေးရုံတွင် ထိုသို့ ဖြစ်ရပ်ဆန်းများ ဖြစ်ပျက်လေ့ရှိကြောင်း မာယွီက ကျွန်မအား ချော့မော့၍ပြောသည်။ အလွန်ရန်ဖြစ်တတ်သော မိသားစုတစ်စုကြောင့် ကျွန်မတို့ဌာန ရွှေ့ပြောင်းရခြင်းတို့ကြောင့် အလုပ်ရှုပ်နေကြသဖြင့် ထိုအဒေါ်အား သတိမထားမိတာမျိုး ဖြစ်နိုင်သည်ဟုလည်း ပြောသည်။

‘ဒါလည်း ဖြစ်နိုင်တာပဲ'

တံခါးပေါက်နားတွင် ထိုအဒေါ်ထိုင်နေသည်ကို မည်သူမျှ မမြင်လိုက်သည်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ကျွန်မထင်သည်။

ကျွန်မ စိတ်အေးသွားသော်လည်း မာယွီသည် ညနေခင်း ဂျူတီဆင်းချိန်၌ ကျွန်မအား လာရှာသည်။ 

“ ရှောင်တင်းရေ နင့်ပြဿနာနဲ့ ပတ်သက်ပြီး သိတဲ့သူကို ငါတွေ့ထားပြီ” 

“သိတဲ့သူ ဟုတ်လား။ အဲဒါ ဘယ်သူလဲ”

သူဘာပြောနေလဲ ဆိုသည်ကို ကျွန်မ ကောင်းကောင်းနားမလည်ပေ။

သူက ကျွန်မနား ကပ်၍ တိုးတိုးလေးပြောသည်။ 

“ နင်ပြောတဲ့ တံခါးနားက အဒေါ်ကြီး အကြောင်းလေဟာ။ နင် ငါ့ကို ကျေးဇူးတင်သင့်တယ်နော်။ ငါ တကယ်ကို သေချာသိတဲ့လူကို ရှာလာခဲ့ရတာ”

မာယွီက တံခါးပေါက်ဆီသို့ လက်ညှိုးညွှန်ပြသည်။ ကျွန်မလည်း သူပြသည့်အတိုင်း ကြည့်လိုက်သောအခါ ကျွန်မမြင်လိုက်ရသူမှာ-

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now