Unicode:
အပိုင်းတစ် ( ပထမနာရီ- ဆဌမထပ်ရှိ အစာအိမ်ဗေဒဌာန )
တုန်းဟွာ အလယ်လမ်းရှိ ရှဲ့ကျီပုဂ္ဂလိကဆေးရုံကို ယခုနှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့၏။
ဆေးရုံကြီးမှာ စတုရန်းမီတာ ၅၀၀ ခန့်ကျယ်ဝန်းပြီး အဓိကအဆောက်အအုံကြီး သုံးခုရှိ၏။ ဝင်ပေါက်နားတွင် ဆောက်ထားသော အိုဟောင်းလှသည့် ခြောက်ထပ်ဆောင်ကြီးမှာ ပင်မအဆောက်အအုံကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်စတိုင် ကျောက်စရစ်လမ်းတစ်ခု ခင်းထား၏။ ခြောက်ထပ်ဆောင်ကြီး၏ အနောက်တွင် ငါးထပ်ဆောင်နှစ်ဆောင်ရှိပြီး လက်ဝဲဘက်ရှိ ပန်းရောင်ဆေးသုတ်ထားသော အဆောက်အအုံသစ်သည် ခွဲစိတ်ဌာနဖြစ်ကာ ညာဘက်ရှိ အဆောက်အအုံကိုတော့ ကုသရေးဌာနအဖြစ် ထားလိုက်ပြီး အထွေထွေရောဂါကုဌာနများအဖြစ် အသုံးပြုခဲ့သည်။
ဆေးရုံရှိ အဆောက်အအုံဟောင်းများသည် ယခင်က ပြည်သူပိုင်ဖြစ်ခဲ့တာကြောင့် ယခုအချိန်တွင် ထို့သို့အဆောက်အအုံအသစ်နှင့်အဟောင်း တွဲဖက်နေရခြင်းဖြစ်သည်။
စူကျန်း ဆေးရုံကိုရောက်လာသည့်အချိန်ထိ ဆေးရုံ၏ ပိုင်ရှင်များသည် ဆက်တိုက်ပြောင်းလဲနေ၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤကဲ့သို့ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲတတ်မှုမရှိဘဲ ဖရိုဖရဲနိုင်လှသော ဆေးရုံများကို သူသဘောမကျပေ။ ထို့ပြင် အသက်ရှူလိုက်တိုင်း စိမ်းရွှင်ရွှင်အနံ့ကြီးသာ ရနေပြီး ဆေးရုံအတွင်းရှိ လေထုသည်လည်း မမြင်နိုင်သော ပိုးမွှားများဖြင့် ပြည့်လျက်ရှိသည်ဟုထင်၏။
ယခင်က "တုန်းဟွာဆေးရုံ" ဟု အမည်တွင်ခဲ့သော ပြည်သူ့ဆေးရုံငယ်လေးမှာ "လု" အမည်ရှိ သူဌေး မဝယ်ခင်အထိ ဆယ်နှစ်ကြာအောင် တိမ်မြုပ်နေခဲ့သည်။ သို့သော် ငါးလမျှကြာအောင် အဟောင်းကို ပြုပြင်မွမ်းမံ၍ အသစ်ကိုလည်း ထပ်မံ တည်ဆောက်ကာ ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့၏။
မည်သို့ပင်ဆိုစေကာမူ စူကျန်းသည် လွန်ခဲ့သည့် လေးငါးရက်ခန့်က သူ့သွားကြွေလွှာများသာ ပဲ့မသွားပါက သူသည် ဤဆေးရုံကို အိပ်မက်ထဲတွင်ပင် ယောင်၍မျှ ထည့်မက်လိမ့်မည် မဟုတ်ပေ။
YOU ARE READING
🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺
HorrorGenres _ Horror , Supernatural, slowburn , Survival, Escape, Thriller Total arcs _ 6 arcs Arc 1 _ ညကင်းစောင့် 2 _ အမေနှင့်သမီးသုံးယောက် 3 _ ကောင်ကလေး 4 _ အချစ်ဦး 5 _ လူသေအလောင်း 6 _ ကြိုးဆွဲချလူသား ( Final)