** Ch 6 **

40 6 0
                                    

Unicode:

“ဒါက ဓါတ်လှေကားရဲ့ အသံပဲ။”

ဓာတ်လှေကားလား?

"တင်"

ဓာတ်လှေကားတံခါးပိတ်သွားသည်။

"တင်"

ဓာတ်လှေကား တံခါးများကို ညင်သာပျော့ပျောင်းသည့်အရာတစ်ခု ........အရာတစ်ခုခုမှ ခေါက်နေသည်။ 

"တင်"

တံခါးများသည် အလိုလိုပွင့်လာပြီးနောက် ပြန်ပိတ်သွားပြန်၏။

"တင်"

ထိုအရာသည် ဓာတ်လှေကားတံခါးအား ထပ်မံခေါက်နေပြန်၏။

“တင်”

ဓာတ်လှေကားသည် ပိတ်လိုက် ပွင့်လိုက်ဖြစ်နေလေသည်။

စူကျန်းသည် သူစောစောကကြားခဲ့ရသည့် "ဒင်" ဆိုသည့်အသံကို ပြန်စဉ်းစားကြည့်နေမိ၏။

သို့သော် ဓာတ်လှေကားသည် စတုတ္ထထပ်တွင်ပင် ရှိနေသေးသည်။

တံခါးဝတွင် တစ်ခုခု ညှပ်နေ၏။ 

လုရှားသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ စူကျန်းတစ်ယောက်  ခံစားလိုက်ရသည်။

“ငါ့ကိုယုံလိုက်နော်။”

{ လောင်ကျန်းသည် ဓာတ်လှေကား၏ "ဒင်" ဟူသော အသံကို ကိုကြားလိုက်ကြောင်း လောင်မော့အား ပြောပြသည်။

ဓာတ်လှေကားတံခါးဝတွင် ဆံပင်လက်တစ်ဆုပ်စာမျှ ညပ်နေသည်ကို လောင်မော့တွေ့လိုက်ရသည်။ 

ကင်းလှည့်နေချိန်တွင်လည်း လောင်မော့ အပေါ်ထပ်သို့ တက်သွားစဉ် လောင်ကျန်းသည်  အောက်ထပ်သို့ဆင်းလာခဲ့၏။}

လုရှားသည် စူကျန်းကို မြဲမြံစွာ ဆွဲထားသည်။ သို့သော် စူကျန်းသည် လုရှားအား အနောက်မှ ဆွဲထားကာ အောက်သို့မဆင်းရန် တားဆီးနေသည်။ 

"မလုပ်နဲ့။"

“တင်းတောင်”

ဓာတ်လှေကားတံခါးများမှာ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေဆဲဖြစ်သော်လည်း အဆုံးမရှိသော အမှောင်ထုထဲတွင်  နောက်ထပ်အသံတစ်သံကို ကြားခဲ့ရသည်။ 

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now