** Ch 8 **

27 6 0
                                    

Unicode:


“ကျန်း ဒီစာပိုဒ်နှစ်ပိုဒ်ကို ကြည့်စမ်း”

[ကျွန်တော် အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။ ဓာတ်မီး၏ အလင်းရောင်မှာ ဝါဖျော့ဖျော့အရောင်ဖြစ်ပြီး,........

လောင်ကျန့်က ခေါင်းငြိမ့်လိုက်ကာ အောက်ထပ်သို့ လှေကားမှတစ်ဆင့် ဆင်းသွားသည်။ ကျွန်တော် သူ့ဓာတ်မီး၏ မှိန်ဖျော့ဖျော့အလင်းရောင်ကို အဝေးမှ လှမ်းမြင်နေရသည်။]

“လောင်မော့က ဒီနေရာမှာ လှည့်ကွက်တစ်ခုထည့်ထားတာကို မင်းသတိထားမိလား။ ဓာတ်မီးက မှိန်မှိန်လေးပဲ ကျန်တော့မှာလေ ဘာလို့ဆို ဓာတ်ခဲအားကုန်တော့မှာမို့လို့။ လောင်မော့က သူသုံးနေတဲ့ ဓာတ်မီး အားကုန်တော့မယ်ဆိုတာကို သူ့ဟာသူသိနေတယ်။ အဲဒါကြောင့် သူ့အားကုန်ခါနီး ဓာတ်မီးကို လောင်ကျန့်ဟာနဲ့ လဲလိုက်တာ”

လုရှားက အခိုင်အမာပြောနေ၏။

“အဲဒါကြောင့် လောင်ကျန့် ကင်းလှည့်တဲ့အချိန်မှာ ဓာတ်မီးက အားကုန်သွားတာပေါ့။ ပြီးတော့ အဲဒါကြောင့်ပဲ သူ ဒုတိယထပ်ရောက်တော့ ဘာမှမမြင်ရတော့ဘူး”

စူကျန်းက ထပ်ဖြည့်ပြောသည်။ သူသည် မသိမသာဖြင့် လုရှား ကျုံးသွင်းရာ နောက်သို့ပါနေလေသည်။

“လောင်ကျန့် အနေနဲ့ကတော့ ဒီမှတ်တမ်းထဲမှာ ရေးထားတဲ့အတိုင်းပဲ။ သူက တစ်ခုခုကို လန့်နေတယ်။ အဲဒါကြောင့်ပဲ သူ ပထမထပ်ကို မသွားရဲဘူး။ သူ အဲ့အချိန်မှာရောက်နေတဲ့ ဒုတိယထပ်ကိုပဲ ပတ်ပြေးနေတယ်။ ခုနက ငါတို့ကြားရတဲ့ ခြေသံတွေလိုမျိုးလေ။ အဲဒါကြောင့်ပဲ သူနာပြုတွေက ပထမထပ်မှာ သူ့ကို မမြင်လိုက်တာ ဖြစ်ရမယ်။ သူက သူကြောက်နေပါတယ် ဆိုတာကို လူမသိအောင်ဖုံးဖို့ ဆင်ခြေဆင်လက်တစ်ခုလည်း လုပ်လိုက်သေးတယ်။”

“အဲဒီနောက်မှာ မော့ကျုံးကွီက ဓာတ်လှေကားနဲ့ စတုတ္ထထပ်ကို ပြန်ရောက်နေပြီးသား။ ပြီးတော့ လောင်ကျန့်ကို စောင့်နေသလို ဟန်ဆောင်လိုက်တယ်။ ဟုတ်တယ်မလား။” 

စူကျန်းက လုရှား၏ စကားကို ဆက်၍ ပြောပေးလိုက်သည်။ 

ထိုသို့ဆိုလျှင် စူကျန်းက ဓာတ်လှေကားမှ “တင်” ဆိုသည့်အသံကို မှောင်မည်းမည်းတွင် ကြားရသည်ဟု ဆိုသည်အခါ.......

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now