** Ch 13 **

61 8 0
                                    

Unicode:

“ဘာမှတော့ မဖြစ်လောက်ပါဘူးနော် အစ်မ”

ကျွန်မဘေးရှိ အစ်မကျင်ဖန်းအား အတင်းဆွဲဆုပ်ထားမိသည်။ 

အစ်မကျင်ဖန်းတစ်ယောက်ကတော့ စကားပင်မဟချေ။

မာယွီ အထဲဝင်သွားပြီး သိပ်မကြာခင် ရေဖွင့်သံကို ကြားရသည်။ ကျွန်မလည်း စိတ်ရှုပ်ထွေးသွားသဖြင့် အစ်မကျင်းဖန်းအား ကြည့်လိုက်သော်လည်း မှောင်မည်းနေသဖြင့် သေချာမမြင်ရချေ။ သို့သော် သူ့လက်များကို ကျွန်မလက်နှင့် တင်းတင်းဆုပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် သူ့ပုံစံအား ခန့်မှန်း၍ရလေသည်။

ရေကျသံများ အဆက်မပြတ်ကြားနေရ၏။ ကြမ်းပြင်ပေါ်သို့ လျှံကျနေပုံရသည်။

ထိုအသံ......ထိုရေကျသံသည် ရေအိမ်ဝင်နေသည့် ရေသံတော့ မဖြစ်နိုင်ပေ။ ရေချိုးနေသည့် ရေသံများလား.....

ကျွန်မ မိသားစုသည် တခြား ဒါဇင်ပေါင်းများစွာသော အိမ်ထောင်စုများနှင့်အတူ  ဤသို့သော အထပ်မြင့်အဆောက်အဦများတွင် နေနေကျဖြစ်သည်။ ပုံစံတူအဆောက်အဦများတွင် ကော်ရစ်တာ၏ ထောင့်စွန်းတစ်ဖက်တစ်ချက်စီ၌ အမျိုးသားသန့်စင်ခန်းနှင့် အမျိုးသမီးသန့်စင်ခန်းများ ကိုယ်စီရှိကြ၏။ အပတ်တိုင်း ရေနွေးလည်းရသည်။ ထိုနေရာသို့ ဖလားကိုင်ကာ ရေချိုးသွားနေကျဖြစ်သည်။

“အစ်မကျင်ဖန်းရေ”

ကျွန်မ ကြောက်လာသဖြင့် အော်ခေါ်လိုက်သည်။ 

သာမန်ထက်ပို၍ ထူးဆန်းလှသည်။ 

‘မာယွီ ဘာလို့ဒီလောက်ကြာနေတာပါလိမ့်'

ရေကျသံကို ဆက်တိုက်ကြားနေရပြီးနောက်ဆုံးတွင် ရပ်သွား၏။

ပတ်ဝန်းကျင်သည် မှောင်မည်းနေသဖြင့် ဘာကိုမျှ မမြင်ရပေ။ အမှောင်ထုကြီးကသာ အုပ်မိုးထားလေသည်။

ရေကျသံ တတောက်တောက်ကိုသာ ကြားနေရ၏။

“တောက်....တောက်...”

ရေကျသံမှာ စည်းချက်အလိုက်ဖြစ်ပြီး ကျယ်လာကာ တဖြည်းဖြည်း ကျွန်မတို့နားတွင် ရေကျနေသကဲ့သို့ ကြားနေရ၏။  

🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺Where stories live. Discover now