🧝Chapter 79
ပန်းရှုစားပွဲကြောင့် အခြားအတွေးများရှိလာသူ နောက်တစ်ယောက်က မြောင်ချမ်းပင်။
လူအချို့သည် သတင်းကြားပြီးနောက် အချို့က သူ့ထံလာ၍ မေးမြန်းကြသည်။
ရန်သာ့လန် နှင့် မြောင်ချမ်း တို့သည် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြပြီး ဆက်ဆံရေးကောင်းမွန်ကြောင်း ရွာရှိလူတိုင်းသိသည်။ သို့သော် ဤတစ်ခေါက် မေးသောအခါတွင် သူက ဖိတ်ခေါ်ခြင်းမခံခဲ့ရသော်လည်း မြောင်ဖင်း၊မြောင်ကောင်း နှင့် မြောင်သာ့ဟူ ကဲ့သို့သော အခြားသူများမှာအဖိတ်ခံရလေသည်။လူတွေက မြောင်ချမ်းအား ချက်ချင်းပင် သံသယအကြည့်ဖြင့် ကြည့်လိုက်ကြ၏။
မြောင်ချမ်း ထိုမြင်ကွင်းကြောင့် သဘာဝအတိုင်း ရှက်ရွံ့နေသော်လည်း သူမကျေမနပ်ဖြစ်နေဆဲဖြစ်သည်။အရင်တစ်ခေါက်က နှစ်ကြိမ်အထိုးခံရပြီးနောက်တွင် မြောင်သာ့ဟူ နှင့် အခြားသူများကို ကူညီပြောဆိုရန် တောင်းဆိုခဲ့သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်ပြီး ရန်သာ့လန်က သူနှင့် အဆက်အသွယ်ဖြတ်ထားကြောင်း အခြားသူများပင် သိရှိသွားခဲ့ကြသည်။
သို့ပေမဲ့ မြောင်ချမ်းက ၎င်းကို နောက်ထပ်လူတွေကို မသိအောင် သိမ်းထားချင်တုန်းပင်။ သူများတွေ သံသယဖြစ်သည်ကိုမြင်သောအခါ သူက မနေနိုင်ဘဲ ဆင်ခြေပေးလိုက်၏။
"ဒါက မကြာသေးခင်က သာ့လန် ငါ့အပေါ် မကျေနပ်ချက်တချို့ရှိနေလို့...ဟယ်ကောအာ နဲ့ ပတ်သက်ပြီး နားလည်မှု နည်းနည်းလွဲနေတာ""အမ်... နားလည်မှုလွဲနေတာ... ဘာနားလည်မှုလွဲနေတာလဲ"
ဘေးမှာယောကျာ်းရှိနေတဲ့ အိမ်ထောင်သည်ယောက်ျားက ဘာနားလည်မှုလွဲတာလဲ..."ဒါက အသေးအဖွဲကိစ္စပါ...ဟယ်ကောအာ ဘယ်လိုလုပ်မလဲ မသိ... အိုး ထားလိုက်ပါ...မကြာခင် အဆင်ပြေသွားမှာပါ"
မြောင်ချမ်းက သူပြောနေသည့်သူက သူ့အကြောင်းကို တမင်တကာ တွေးနေသယောင် ယောင်ဝါးဝါး ပြောလိုက်သည်။ဤအချိန်မှာ သည်လိုစကားတွေက သာ့လန်နားထဲရောက်သွားလျှင် ဟယ်ကောအာ အတွက်ကောင်းကျိုးမရှိသဖြင့် ကောလဟာလတွေကို ချေပရန်သာ့လန်က သူ့ကိုအရင်ပြန်ဖြေရှင်းလိမ့်မည်ဟုလည်း စိတ်ထဲမှာ တွေးမိသည်။သာ့လန်က သူ့ကို ဂရုစိုက်နေဆဲဖြစ်ပြီး ခွင့်လွှတ်မှုကို ဖြည်းဖြည်းနှင့် ရိုးရိုးသားသား တောင်းနေသမျှ ကာလပတ်လုံး သူ နောက်ဆုံးတွင် အောင်မြင်လိမ့်မည်။