Chapter 78

522 73 0
                                    

🧝Chapter 78

နွေဦးနှလုံးသား(အချိန်အခါ)ကြောင့် မည်သူများ ဆွဲဆောင်ခံခဲ့ရလဲဆိုသည်ကိုထည့်ပြောစရာပင်မလိုပါချေ၊

ချီမင်ပွဲတော်အပြီးမှာ မြောင်ဟယ်က ရန်သာ့လန်နှင့်အတူ ငွေကို ပျော်ရွှင်စွာ ရေတွက်နေခဲ့သည်။

၎င်းတို့သည် ယခုနှစ် ဇီးကြွပ်သီးများအတွက် စုစုပေါင်း ဝင်ငွေကို ယခုလေးတင် စာရှင်းရှင်းခဲ့သည်။ ဤတစ်ခေါက် အထွက်နှုန်း ကြီးမားသော်လည်း ရန်သာ့လန်က နှလုံးနက်ပြီး ရဲရင့်သော စီးပွားရေးမူများကို လိုက်နာကာ ဇီး​ကြွပ်သီးအိုးသေးသေးလေးကို ငွေနှစ်​တေးဖြင့် ရောင်းချခဲ့သည်။

လုပ်ငန်းက ခဏလောက် အလွန်ပေါ့ပါး​နေပြီး မြောင်ဟယ် ရန်သာ့လန်ကို ဤရက်ပိုင်းအတွင်းက မေးခွန်းတွေ မေးရန် မြို့ကိုသွားခိုင်းခဲ့သည်။ နောက်ပိုင်းမှာ ပြန်ဝယ်သွားသော ဖောက်သည်တွေ၏ နာမည်ကောင်းကြောင့် ရောင်းအားက ရုတ်ချည်း တက်လာသည်။ နောက်ဆုံးအသုတ်သို့ရောက်သောအခါတွင် ပစ္စည်းက အချောထည်အဆင့်သို့ မရောက်မီပင် အော်ဒါကအကုန်ကုန်သွားသည်။အပြေးအလွှာ ကြိုတင်အော်ဒါမှာကြသော်လည်း မမှီလိုက်သည့်သူတွေရှိသေးလေသည်။

ရာသီတစ်ခုလုံးအတွက် ဤနည်းဖြင့် တွက်ချက်ထားသော ဇီး​ကြွပ်သီးအိုး 130 ခန့်သည် ၎င်းတို့နှစ်ဦးအတွက် အသားတင်အမြတ်ငွေ 150 ​​​တေးရရှိ​စေခဲ့သည်။ ၎င်းတွင် လက်ဖက်ရည်ဆိုင်သို့ ရောင်းချသည့်စျေးနှုန်း မပါဝင်​ပေ။ လက်ထဲတွင် မူရင်း မုန့်ဖိုး ​တေးတစ်ရာနှင့် ပေါင်းလိုက်သောအခါ မြောင်ဟယ် ဤတစ်ကြိမ်တွင်အလွန်ရက်ရော၍နေသည်။ရန်သာ့လန် အပြောကို မစောင့်ဘဲ ငွေအိုးကို တိုက်ရိုက် လွှဲပေးကာ တောင်ထပ်ဝယ်မည်ဟု ပြောခဲ့သည်။ ဤနည်းဖြင့် မန်ထိုအတွက် ​တောင်တစ်လုံးနှင့် ​ဝေါ်ထိုအတွက် တောင်တစ်လုံးရှိသွားမည်ဖြစ်ပြီး သူတို့ မိမိကိုယ်မိမိ ဘဝတစ်သက်တာလုံး အတူတကွ ထောက်ပံ့ပေးနိုင်ကာ ကွက်တိဖြစ်လေသည်။

ရန်သာ့လန်က သူ့ကောလေး၏ ခေါင်းကို ကိုင်လိုက်ပြီး အင်းဟုပြောလိုက်သည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now