1.1

45 7 0
                                    

<Unicode>
သွန်းဝတီနောက်ကမ္ဘာရောက်ချိန်တွင် စာသင်ခန်းထဲမှာဖြစ်သည်။သူ့ရှေ့တွင်ရှိသည့်မိန်းကလေးများက သူမကိုလှည့်ကြည့်ကာ ရှက်သွေးဖြာနေကြသည်။

သွန်းဝတီကတော့ မသိချင်ယောင်ဆောင်ပြီး သူ့ ကလေး များရှိမလားဆိုသည့်စိတ်ဖြင့် အခန်းကိုဝေ့ကြည့်လိုက်သည်။

သူ system နဲ့ချိတ်ဆက်ခဲ့သလို သူ့ကလေးကလည်း system ဆီဝင်စားခဲ့မှာကျိန်းသေသည်။

အခန်းကိုဝေ့ကြည့်ပေမဲ့မတွေ့ရတာကြောင့် သးမရဲ့လွယ်အိတ်ကို တစ်စောင်းလွယ်ပြီး အခန်းထဲကထွက်လာခဲ့သည်။

သူမလမ်းလျှောက်လိုက်တိုင်း ရှေ့ရှိဆံပင်လေးများမှာလှုပ်ခါယမ်းသွားသည်။ပုခုံးကျော်ကျော်သာရှိသည့်ဆံပင်ကို V. ပုံစံညှပ်ထားပြီး ရွှေဝါရောင်ဆိုးထားသေးသည်။

ကျောင်းတက်ချိန်မို့ ကျောင်းဝတ်စုံဖြစ်သည့် အဖြူရောင်လက်တိုကို ဘောင်းဘီမဲနှင့်တွဲဝတ်ထားသည်။

ဒီကျောင်းတွင် မျိုးဆက်ထည့်ပေးနိုင်သည့်အမျိုးသမီးများဟာ အဖြူရောင်လက်တိုနှင့်ဘောင်းဘီရှည်အမဲကိုဝတ်ဆင်ရသည်။

ကလေးမွေးပေးနိုင်သည့်သူများကိုတော့ အဖြူရောင်အင်္ကျီလက်တိုနှင့် စကတ်အမဲဝတ်ခိုင်းသည်။

ကလေးမမွေးပေးနိုင်သည့်အမျိုးသမီးများကိုတော့ အမဲရောငါဝမ်းဆက်အရှည်များကိုတစ်ကိုယ်လုံးလုံအောင်ဝတ်ခိုင်းကြသည်။

သွန်းဝတီ သူမဝတ်ထားတဲ့အဝတ်အစားကိုကြည့်လိုက်ပြီး လမ်းလျှောက်နေချိန် ထောင့်တစ်နေရာတွင် လှပသည့်မိန်းကလေးတစ်ဦးနှင့်တိုက်မိတော့သည်။

ထိုမိန်းကလေးက တိုက်မိသည့် သူမကို

"ဟို ချစ်မေသက် မေသူတောင်းပန်ပါတယ် ဘယ်နားနာသွားသေးလဲ"

သူမကပြောရင်းသွန်းဝတီ၏ရင်ဘက်ကိုသုတ်ပေးလာတာကြောင့် ထိုလက်ကိုပုတ်ထုတ်လိုက်ပြီး

"နောက်တစ်ခါဆို အဲ့လက်အကျိုးဘဲ"

အေးစက်စွာပြောဆိုပြီးနောက် ထိုနေရာကနေထွက်လာခဲ့သည်။ချက်ချင်း အဝတ်သိမ်းသည့် locker သို့သွားလိုက်ပြီး ဝတ်ထားသည့်အဝတ်ကိုချွတ်ပြီးအမှိုက်ပုံးထဲထည့်လိုက်သည်။

ကူညီပါရစေ system Where stories live. Discover now