4.5

2 2 0
                                    

<Unicode>
ထဝီ ထိုစကားသံကိုကြားပြီးနောက် အသိစိတ်မဲ့သွားပြီး ဝတ်လစ်စလစ်ဖြင့်ပွေ့ဖက်နမ်းရှုံ့နေသည့်နှစ်ယောက်အနားသို့ တရွေ့ရွေ့သွားလိုက်သည်။ထို့နောက်...

အမ်ဖန် သူ့‌ကိုအထင်သေးသလိုကြည့်ပြီး ရှုံ့ချနေသည့်နှစ်ယောက်ကိုကြည့်ပြီး သတ်ပစ်ချင်စိတ်တွေထိုးထွက်လာသည်။

သူမဟာ ငယ်စဉ်က သူတစ်ပါးအနိုင်ကျင့်ခံလေးဖြစ်ခဲ့တာကြောင့် ဒီမြင်ကွင်းက သူမအဖို့အလွန်စိတ်တိုစရာကောင်းနေသည်။သူမမမြင်ချင်၊မမှတ်မိချင်သည့်မြင်ကွင်းတွေဟာလည်း သူ့အလိုလိုမှတ်ဉာဏ်ထဲပေါ်လာသည်။

သူမ ဘယ်လောက်ဘဲရုန်းကန်နေပါစေ ယောကျာ်းအားကိုမနိုင်ပေ..ထဝီက သူမကို နောက်မှချုပ်ထားပြီး မရာနီက သူမကို ပါးရိုက်လိုက် ရေနဲ့လောင်းချလိုက် အမှိုက်ပုံးနဲ့ခေါင်းကိုစွပ်လိုက်လုပ်နေသည်။

သူမရဲ့စိတ်တွေဟာ တစ်ဟုန်းဟုန်းတောက်လောင်လာပြီး သတ်ပစ်ချင်စိတ်များပေါ်လာသည်။

ထိုအချိန် သူမ၏လက်တွင် ဓါးမြှောင်တစ်လက်ပေါ်လာပြီး

"သတ်ပစ်လိုက် သူတို့သာမရှိတော့ရင် နင့်ကိုအနိုင်ကျင့်မဲ့သူမရှိတော့ဘူး"

ဆိုသည့်လေသံတိုးတိုးလေးကြောင့် အမ်ဖန် ဓါးကိုကျစ်ကျစ်ကိုင်ပြီး ရှေ့က နှစ်ယောက်ကိုတိုက်ခိုက်ဖို့ဓါးကိုမြှောက်လိုက်သည်။ထိုချိန် ..(မီးပျက်သွားလေသည်😛😛)

ဝီရာနဲ့ ထရီတို့နှစ်ယောက် လက်တွေ့လောကသို့ပြန်ရောက်လာချိန် တစ်ယောက်နှင့်တစ်ယောက်နှုတ်ခမ်းချင်းထိကပ်နေသည်။

ပုံရိပ်ယောင်လောကတွင် ထရီ သူ့ကိုသတ်ဖို့ဓါးမြှောက်လိုက်တဲ့ကလေးကြောင့် ဘာမှမတွေးဘဲ နှုတ်ခမ်းကိုဖိကပ်ကာနမ်းလိုက်သည်။ထိုအချိန် တစ်ဖက်လူညိမ်သွားတာကိုသတိထားမိလိုက်သည်။

ဝီရာ သူမကို ကိုက်ဖို့ပြင်နေသည့် မမကြောင့် ဓါးနဲ့ထိုးသတ်ဖို့လုပ်လိုက်ပေမဲ့ သူ၏မမများတစ်ခုခုဒဏ်ရာရသွားမလားစိုးရိမ်တာကြောင့် ဓါးကို တစ်ဖက်သို့ပစ်လိုက်ပြီး ပါးတစ်ဝက်ထိ‌ရောက်‌နေသည့်နှုတ်ခမ်းကို မျက်စိစုံမှိတ်ကာ ထိကပ်လိုက်သည်။

ကူညီပါရစေ system Where stories live. Discover now