<Unicode>
ပက်ဆွန်းနာထွက်လာတာကို ထိုမိန်းကလေးတစ်ချို့ကတွေ့တော့"ဟင် ပက်သခင်မလေးဘာဖြစ်တာလဲ မျက်နှာလည်းမကောင်းပါလား"
"ဟို ကျမကိုလေ ဟန်ဟယ်ဝန်းကိုခေါ်ပေးလို့ရမလားဟင် ကျမသူ့ကိုတောင်းပန်ချင်လို့ပါ"
"ရပါတယ်"
မိန်းကလေးနှစ်ယောက်က အပြေးသွားပြီး ဟန်ဟယ်ဝန်းကိုသွားခေါ်လာခဲ့ကြသည်။ဟန်ဟယ်ဝန်း အစကမလိုက်ပေမဲ့ ပက်ဆွန်းနာက တောင်းပန်ချင်တာကြောင့် မလိုက်ချင်လိုက်ချင်နဲ့လိုက်လာခဲ့ရသည်။
သူမအိမ်သာထဲရောက်တာနဲ့ ပက်ဆွန်းနာက မျက်နှာငယ်နဲ့
"ဟို ငါနင့်ကိုသီးသန့်တောင်းပန်ချင်လို့ ငါနဲ့ခနလိုက်ခဲ့ပေးပါလားနော်🥺🥺"
"အင်း ရပါတယ် တောင်းပန်ချင်တဲ့သူက ခေါ်မှတော့လိုက်ပေးရမှာပေါ့"
"ကျေးဇူးပါဟာ"
ပက်ဆွန်းနာက ဟန်ဟယ်ဝန်းကို ကျောင်းဆောင်နောက်သို့ခေါ်သွားပြီး ပတ်ဝန်းကျင်မှာလူရှိမရှိကြည့်လိုက်သည်။
ဘယ်သူ့ကိုမှမတွေ့တာကြောင့် ဟန်ဟယ်ဝန်းရဲ့လည်ပင်းရှိအကြောကို လက်ဝါးစောင်းနဲ့ရိုက်လိုက်ချိန် ဟန်ဟယ်ဝန်းမှာမေ့လဲသွားတော့သည်။
ဟန်ဟယ်ဝန်းရဲ့ကိုယ်လုံးကို အပြင်ကိုတွဲရင်းကူပို့နေချိန် ဘယ်ကရောက်လာမှန်းမသိတဲ့ ဟိုချွန်းဆောင်းက
"ဒီကကျောင်းသူ ဘာလုပ်နေတာလဲ သူမဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
"ပြေပါတယ် သူမက ကျမသူငယ်ချင်းပါ အိပ်ချင်တယ်ဆိုလို့ ကူတွဲသွားမလို့ပါ"
ဟိုချွန်းဆောင်း မှီနေတဲ့မိန်းကလေးကို ကြည့်လိုက်ပြီး မနက်ကတွေ့ခဲ့တဲ့မိန်းကလေးဆိုတာမှတ်မိလိုက်သည်။
"ကျနော်လည်းလိုက်ပို့ပေးပါရစေ"
"ရပါတယ် "
"အားနာစရာမလိုပါဘူး အတန်းသွားမှာမလား"
"မဟုတ်ဘူး ကားအနားသွားမလို့"
"အော် လာကျနော်လည်းကူတွဲလိုက်မယ်"
နှစ်ယောက်သား တစ်ဖက်ဆီကူတွဲပြီး ကားရှိရာဆီသွားချိန် ဟိချွန်းဆောင်း တစ်ခုခုမူမမှန်သလိုခံစားလိုက်ရသည်။ဒါပေမဲ့ဘာက မူမမှန်ဖြစ်နေတာလဲဆိုတာ သူမသိပေ...
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋