<Unicode>
ထရီတို့ 10 ယောက်ဒုတိယထပ်ကိုရောက်ချိန် ဘာမှမရှိတဲ့စင်္ကြန်ဟာ ရုတ်တရက်မီးလင်းလာခဲ့သည်။ပြီးတော့ လှေကားဆီမှလည်း ရေစက်လိုလိုတစ်တောက်တောက်ကျသံဟာလည်း တိတ်ဆိတ်နေတဲ့နေရာတွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။
အကုန်လုံးလည်း မိမိတို့ဆင်းလာခဲ့တဲ့ လှေကားဆီကနေ ထိုအသံကြားလိုက်ရတာကြောင့် မသိစိတ်မှ ထိုနေရာကို ပြိုင်တူကြည့်လိုက်မိကြသည်။
အားလုံးကြည့်နေချိန်တွင် အသံတွေဟာပိုကျယ်လောင်လာသလို လမ်းလျှောက်သံဟာလည်း
"တောက် တောက် တောက်"
ဆိုပြီး ကျယ်ကျယ်နဲ့စည်းချက်မှန်မှတ်ထွက်လာသည်။အားလုံးကြည့်နေချိန်တွင် စကတ်အမဲရောင်နှင့်ခြေသံဖြူဖြူလေးတွေဟာဦးဆုံးပေါ်လာသည်။
ထဝီမှလွဲ၍ကျန်ရှိနေသည့် ယောကျာ်းလေး ၃ ယောက်ဟာ ထိုခြေသံဖြူဖြူလေးတွေကြောင့် သူတို့၏မျက်နှာများတွင် လိုချင်သည့်စိတ်များပေါ်လာသည်။
မျက်တောင်မခတ်တမ်းကြည့်နေချိန်တွင် စကတ်အပေါ်ပိုင်းရှိ သွေးတွေပေရေနေသည့် အဖြူရောင်အင်္ကျီလက်တိုကိုတွေ့လိုက်ရသည်။
မျက်နှာရှေ့တွင်ကာထားသည့် ခါးလောက်ရှိသည့်ဆံပင်တွေဟာလည်း အရှေ့တွင်ဖားလျားကျနေသည်။
သူမ၏လက်ထဲတွင်တော့ သွေးတွေတစ်စက်စက်ကျနေသည့် ဓါးမြှောင်တစ်ချောင်းကိုင်ထားသည်။
အစက ငမ်းနေသည့်ယောက်ျားလေးများမှ
"သရဲ!!"
ဆိုပြီးအော်ကာ ကြုံ့ရာပြေးသွားကြသည်။ဒါပေမဲ့ တစ်ယောက်ကတော့ ဆက်မပြေးတော့ဘဲ ထရီတို့နှင့်အတူတူကျန်ခဲ့လေသည်။
ကျန်သည့်နှစ်ယောက်ဟာတော့ ခြေဦးတည့်ရာလျှောက်သွားရင်း အခန်းတစ်ခန်းထဲသို့အတူတူဝင်လိုက်မိသည်။
ထိုကျောင်းခန်းထဲတွင်တော့ အပြင်နှင့်လုံးလုံးမဆိုင်ဘဲ ပျော်ရွှင်ဖွယ်အတိဖြစ်နေတာကြောင့် ကျောင်းသားနှစ်ယောက်မှာအံဩသွားရသည်။
သူတို့နှစ်ယောက်ကို ရင်တစ်ဝက်သာဖုံးပြီး အဓိကနေရာများကိုသာလုံအောင်ဖုံးထားသည့် ခပ်လှလှ မိန်းကလေးနှစ်ဦးစီက လာဆွဲကြပြီး
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋