<Unicode>
ရှုးယင်းက ရှန်းကျူးကို ရှုံးနိမ့်အောင်မတိုက်ဘဲ ဒဏ်ရာအနည်းငယ်ဆီရအောင်သာ လှည့်ပတ်ရှောင်ရှားရင်း တိုက်ခိုက်လိုက်သည်။ရှန်းကျူး ရှုးယင်းကိုဘာမှပြန်မလုပ်နိုင်တာကြောင့် စိတ်တိုပြီး ရှုးယင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။
ရှုးယင်းအတွက်ကတော့ အလွန်ခက်ခဲမယ်ထင်ခဲ့ပေမဲ့ လွယ်ကူလွန်းသည့် ပြိုင်ပွဲကြောင့် ခေါင်းခါလိုက်ကာ ပြိုင်ပွဲကိုအဆုံးသတ်ဖို့
ရှန်းကျူး၏ ခြေထောက်ကို နောက်မှကန်လိုက်ပြီး ဒူးထောက်ကျသွားချိန် ဓါးနဲ့လည်ပင်းကို ထိထားလိုက်သည်။ထိုပြိုင်ပွဲတွင်တော့ ရှုးယင်းဟာအနိုင်ရသွားလေသည်။ရှန်းကျူး သူမရှုံးနိမ့်သွားတာကြောင့် မကျေမနပ်ဖြင့် စင်အောက်သို့ဆင်းပြီး ဟန်ကျင်း၏ရှေ့တွင်မျက်နှာမသာမယာနှင့်ရပ်လိုက်သည်။
မိန်းမလှလေးက မျက်နှာမသာမယာဖြစ်နေတာကြောင့် ဟန်ကျင်းက ရှန်းကျူး၏ပုခုံးကိုအသာပုတ်ကာ
"ဂိုဏ်းတူ ညီမလေး ဘာမှစိတ်မပူနဲ့ ဂိုဏ်းတူအကိုရအောင် ကလဲ့စားချေပေးမယ်"
"အင်း သူမကို ညှာတာမနေနဲ့နော်"
"အင်းပါ"
ရှန့်ယင် ရှန်းကျူးကိုတောင်နိုင်အောင်တိုက်ခိုက်နိုင်တဲ့မိန်းကလေးကို ငဲ့စောင်းကာကြည့်လိုက်သည်။
မျက်နှာမှာ ပုဝါအုပ်ထားပေမဲ့ စူးရှနေတဲ့မျက်လုံးတွေက လူတော်တစ်ယောက်ဆိုတာပြနေသည်။
ရှန့်ယင် ကြည့်နေသလိုဘဲ ဓါးစကြာဂိုဏ်းမှ ဂိုဏ်းချုပ်သမီးကလည်း ရှုးယင်းကိုမသိမသာကြည့်နေသည်။
သူ၏စိတ်ထဲတွင်တော့ ဒီမိစ္ဆာမကများ သူတို့ဂိုဏ်းသားတွေကိုသတ်လိုက်တာလားဆိုတာတွေးနေသည်။
ပြိုင်ပွဲတွေဆက်လက်ကျင်းပပြီးနောက် ပွဲ ၄၀ မြောက်တွင် ဟန်ကျင်းနှင့် မိစ္ဆာဂိုဏ်းမှအဖွဲ့သားတစ်ယောက်တိုက်ခိုက်ရလေသည်။
သဘာဝကျစွာပင် တိုက်ပွဲဟာ ခနအကြာတိုက်ရုံနဲ့တင် ဟန်ကျင်းကအနိုင်ရသွားလေသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋