<Unicode>
Rose အခန်းထဲကနေ ထွက်ပြီးနောက် သူမသွားချင်တဲ့နေရာသို့ဆက်သွားတော့သည်။ကံကောင်းစွာနဲ့ သူမသွားတဲ့ တစ်လျှောက်လုံး ဇွန်ဘီအအုံလိုက်မတွေ့ဘဲ တစ်ကောင်၊နှစ်ကောင်၊သုံးကောင်မျှသာတွေ့ရသည်။အခန်းထဲဝင်လိုက်တာနဲ့အသံလွှင့်သည့် ပစ္စည်းများက အခန်းထဲပြည့်နှက်နေသည်။ထိုအခန်း၏ထောင့်တွင် ဒူးထောင်ပြီးထိုင်နေသည့် မိန်းကလေးတစ်ယောက်ကို Rose တွေ့လိုက်သည်။
ထိုမိန်းကလေးတွင် ခါးလောက်ရှည်သည့်ဆံပင်ရှိပြီး ယခုတွင် ထိုဆံပင်များက မျက်နှာကိုအုပ်၍ ခေါင်းမှကြမ်းပြင်ထိရှည်ကျနေသည်။
သူမ၏လက်တွင် အမဲရောင်သွေးများပေနေသည့် ဘေ့စ်ဘောသံတုတ်ရှိနေပြီး အဖြူရောင်အင်္ကျီတွင်လည်း အမဲရောင်သွေးများပေနေသည်။
သူမက တံခါးဖွင့်သံကြားလို့ထင်ပါရဲ့ ဘေ့စ်ဘောတုတ်ကို ကျစ်ကျစ်ကိုင်ပြီး ခေါင်းထောင်လာသည်။
ရှည်လျားနေသည့်ဆံပင်များကြားထဲကနေ စူးရှတဲ့မျက်ဝန်းတစ်စုံဟာ ကြောက်မက်ဖွယ်ပေါ်လာပြီး wheelchair ပေါ်တွင်ထိုင်တေသည့် rose ကိုစိုက်ကြည့်လာသည်။
ပုံမှန်လူသာဆို ကြောက်လန့်အော်ဟစ်ကာ ထွက်ပြေးသွားလောက်ပေမဲ့ rose ဟာတော့ တည်ငြိမ်နေပြီး အသံလွှင့်တဲ့မိုက်ဆီတိုးသွားလိုက်သည်။
ဇွန်ဘီမဟုတ်လို့ထင်ပါတယ် ထိုမိန်းကလေးက ဘာအန္တရာယ်မှပေးမလာဘဲ Rose လူပ်သမျှကိုသာ မျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်။
Rose မိုက်ကို လက်ထိပ်နဲ့ပုတ်လိုက်တော့ အသံထွက်လာသည်မို့ မိုက်နားပါးစပ်ကပ်ပြီး
"ဟဲလို ဟဲလို ကျမက Rose ပါ ကျောင်းထဲမှာဖြစ်နေတဲ့ကိစ္စတွေကို အကုန်လုံးလည်းသိပြီးမြင်ပြီးလောက်ပါပြီ အဲ့ကြောင့် အသက်ရှင်နေသေးတဲ့သူတွေ ကျေးဇူးပြုပြီးတော့ အားကစားခန်းမမှာစုရုံးပေးပါ နောက်တစ်ခေါက်ထပ်ပြောပါ့မယ် အသက်ရှင်ကျန်ရစ်သေးတဲ့သူတွေ ကျေးဇူးပြုပြီးတော့ အားကစားခန်းမထဲမှာစုရုံးပေးပါ ဒီကျောင်းကနေ အကုန်လုံးရအောင်ထွက်ကြမယ် စိတ်ဓါတ်မကျကြပါနဲ့ နေ့သစ်ပေါင်းများစွာက ခများတို့အားလုံးကိုကြိုဆိုနေပါတယ် သီချင်းနားထောင်ရင်း အားတင်းထားကြတာပေါ့"
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋