4.10(ပြီး)

4 2 0
                                    

<Unicode>
ထရီ ဝီရာကို ပစ္စည်းသယ်ခိုင်းလိုက်ပြီး

"ကလေး မမနောက်မှာနေ"

"အင်း"

ထရီ သူမခါးကြားတွင်ဖွက်ထားသည့် ဓါးမြှောင်ကို ထုတ်ယူလိုက်သည်။ထိုဓါးမြှောင်က အမ်ဖန်တွေ့ချိန်သူမယူထားသည့်ဓါးမြှောင်ဖြစ်သည်။

ထရီ ထိုဓါးမြှောင်ကိုတင်းတင်းစုပ်ကိုင်ပြီး ထိုသရဲမကိုရင်ဆိုင်ဖို့အသင့်ပြင်ထားလိုက်သည်။

သရဲမရပ်နေချိန် မရာနီတို့ ၃ ယောက်ရောက်လာခြင်းပင်..သရဲမဟာ ဆံနွယ်ရှည်တွေကို ခေါင်းငုံ့ကာရပ်နေတာမို့ သူမ၏ကြောက်စရာကောင်းသည့် မျက်နှာသွင်ပြင်ကိုမမြင်ရပေ...

ဒါပေမဲ့ ထရီကိုင်ထားတဲ့ဓါးမြှောင်ကို သူမတွေ့ချိန် နီရဲနေသည့် မျက်ဝန်းအစုံဟာကြောက်စရာကောင်းအောင်ပေါ်လာသည်။

ပြီးတော့ ဓါးမြှောင်ကိုကြည့်ကာ

"သတ်ပစ်မယ် နင်တို့အကုန်လုံးကိုသတ်ပစ်မယ်..အား!!.."

ဆိုပြီးအော်ဟစ်ကာ ထရီတို့အနားပြေးလာတော့သည်။ထရီ လည်း သူ့ကလေးရှေ့မားမားရပ်တည်လိုက်ပြီး ပျံဝင်လာသည့်သရဲမကို တိုက်ခိုက်လိုက်သည်။

လက်နှစ်ဖက်ဆန့်တန်းပြီးဝင်လာတဲ့သရဲမ၏လက်နှစ်ဖက်ကိုရှောင်လိုက်ပြီး ဓါးမြှောင်နဲ့သရဲမ၏လက်ကို တိုက်လိုက်သည်။

ဒါပေမဲ့သရဲမ၏ခန္ဓာကိုယ်ဟာ လေကိုဖြတ်လိုက်သလိုသာဖြစ်ပြီးအကောင်းအတိုင်းပြန်ဖြစ်သွားသည်။

ထရီ သရဲမကို မည်သို့တိုက်ရမလဲဆိုတာ စဉ်းစားရင်း သရဲမတိုက်တာကိုရှောင်နေရသည်။

ခဏအကြာမှာ သူမကိစ္စတစ်ခုကိုသတိရသွားပြီး စန္ဒယားအနားသွားလိုက်ပြီး သူမ အနည်းငယ်တီးတတ်သည့်

"Twinkle twinkle little star .."

ဆိုသည့်တီးလုံးကိုတီးလိုက်သည်။စန္ဒယားအသံကို သရဲမကြားသွားတော့ ခက်ထန်နေသည့် သူမ၏မျက်နှာအမူအယာဟာပြောင်းလဲသွားပြီး ငြိမ်သက်သွားသည်။

စန္ဒယားအနားတိုးသွားလိုက်ပြီး ဒီအခန်းမှာ သူမတီးခဲ့သည့် ဝမ်းနည်းဖွယ်တီးလုံးကို နောက်တစ်ခေါက် မျက်လုံးမှိတ်ကာ တီးနေပြန်သည်။

ကူညီပါရစေ system Where stories live. Discover now