<Unicode>
နှစ်ယောက်သား အောက်ဆုံးထပ်သို့ရောက်သွားချိန် တံခါးကိုဖွင့်ဖို့ သွားကြတော့သည်။ထရီ တံခါးကို အသာအယာဆွဲဖွင့်လိုက်ပေမဲ့ တံခါးဟာလုံးဝဖွင့်မရဖြစ်နေသည်။အားမထည့်လို့ဖြစ်လောက်တယ်တွေးပြီး လက်နှစ်ဖက်နဲ့ဆွဲပြီးဖွင့်ပေမဲ့တံခါးဟာ လုံးဝဖွင့်မရပေ...
တွန်းရတဲ့အမျိုးများလားဆိုပြီး လက်နှစ်ဖက်နဲ့အားရပါးရတွန်းပေမဲ့ တံခါးဟာတော့ သံမဏိအလား တုပ်တုပ်မလှုပ်ပေ..
ဝီရာလည်း ထရီကိုကူပြီးတွန်းပေမဲ့ တံခါးဟာလုံးဝဖွင့်မရပေ..နှစ်ယောက်သားရဲ့ ဓါတ်မီးဟာလည်း မီးလင်းလိုက် ပိတ်သွားလိုက်ဖြစ်လာတော့သည်။
အစက တိတ်ဆိတ်နေသည့်ကျောင်းဟာလည်း လေတဖြူးဖြူးတိုက်လာပြီး ပြတင်းပေါက်များကို တွန်းတိုက်နေသည်။
ထိုတွန်းတိုက်သံကထွက်လာသည့်
"ကျွီ ကျွီ ဒုန်း ဒုန်း"
စသည့်အသံများဟာ ညလယ်ခေါင်တွင်ခြောက်ခြားစရာကောင်းလှသည်။ထိုအသံများအပြင် ငှက်တစ်ချို့၏ အော်ဟစ်ကာ ထွက်ပြေးသွားသံများဟာလည်းပြတ်သားစွာပေါ်လာသည်။
ထရီမျက်မှောင့်ကြုံ့လိုက်ပြီး နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးဖို့ ၃ မိနစ်သာလိုတော့သည်။ဘယ်လိုဖြစ်တာလဲ ခုနကတောင် ၁၀ နာရီဘဲရှိသေးတာကို နှစ်ထပ်လောက်ဆင်းလိုက်တာနဲ့ အချိန်ကဒီလောက်တောင်ကုန်သွားတာလား..
ဝီရာ သူမ၏ လက်မောင်းကို လက်နဲ့ပွတ်သပ်လိုက်ပြီး ထရီအနားတိုးလာကာ
"ဟို မမ ဘာဆက်လုပ်ကြမလဲ"
"ငါ့ကိုမမလို့မခေါ်ဘဲ ထရီလို့ဘဲခေါ်ပါ အခုဘာဆက်လုပ်ရမလဲဆိုတော့ ငါလည်းမသိဘူး"
"ဟို မရာနီတို့ဆီပြန်သွားရင်ရော လူများတော့ ကိစ္စတစ်ခုခုတိုင်ပင်ရင် ပိုထိရောက်တာပေါ့"
"အင်း"
ထရီလည်း ဝီရာ၏စကားက အကျိုးအကြောင်းစီလျော်တာမို့ လက်ခံလိုက်ပြီး နှစ်ယောက်သား မှိတိတုတ်မှိတ်တုတ်ဖြစ်နေသည့်ဓါတ်မီးနှင့်အပေါ်သို့ထပ်တက်လာခဲ့သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋