5.8

2 1 0
                                    

<Unicode>
ဒါပေမဲ့ သူသေချာပြန်စဉ်းစားကြည့်လိုက်သည်။သူ့ဂိုဏ်းသားကလည်း အများဆုံးမှ 20 ကျော်သာကျန်တော့သည်။

မိစ္တာအရှင်မကိုကြည့်ရတာလည်း သူ့သမီးကိုတကယ်ချစ်တဲ့ပုံပါဘဲ မိန်းကလေးအချင်းချင်းဆိုပေမဲ့‌ တကယ်ချစ်ရင်အတင်ပြေပါတယ်..

အဓိကက သူ့သမီးကိုသေချာဂရုစိုက်ပြီး ဒုက္ခရောက်နေချိန်မှာတောင် ပစ်ပယ်မသွားဘဲချစ်ပေးနိုင်မည့်သူသာဖြစ်ဖို့လိုသည်။

"ငါသဘောတူပါတယ်"

"ကျေးဇူးတင်ပါတယ် ဖေဖေ"

"ဟေ"

"ကလေးရဲ့အဖေဆိုတော့ ကျမအတွက်လည်းအဖေလိုပါဘဲ အဖေတို့ ဇာတ်မြှုပ်လို့ရနိုင်မဲ့နေရာကို ကျမလိုက်ပို့ပေးပါ့မယ် အဲ့မှာကျမလူတွေလည်းရှိတယ် သူတို့သေချာဂရုစိုက်ပါလိမ့်မယ်"

"သမီးသဘောပါဘဲ"

ရန်လျိုဟွား ဖေဖေနှင့်သမီးဆိုသည့်နာမ်စားများကြောင့် သူ့ကိုယ်သူ အပြင်လူလို့ထင်မှတ်လာသည်။

ရှုးယင်း သူ့ကလေးရဲ့ ခါးကိုဖက်လိုက်ပြီး

"ကလေး မမဗိုက်ဆာလို့ တစ်ခုခုယူပေးပါလား"

"အင်း"

ရန်လျိုဟွားဆူပုတ်ပုတ်ဖြင့် စားစရာယူရန်အခန်းထဲမှထွက်လာလိုက်သည်။ရှုးယင်း ရန်ဖုန်း၏ရှေ့တွင်သေချာရပ်လိုက်ပြီး

"ဖေဖေ "

"အင်း"

"ဖေဖေတို့ ဒီတိုင်းဇာတ်မြှုပ်သွားရင် လူတိုင်းက တစ်နည်းမဟုတ်တစ်နည်းတော့လိုက်သတ်မယ်လို့ထင်တယ် အဲ့ကြောင့်.."

"‌ရဲရဲသာပြောလိုက် အဖေအကုန်သဘောတူပေးမယ်"

"ဟုတ် ဟို ဖေဖေတို့ဂိုဏ်းမီးလောင်ပြီးပျက်စီးသွားတာကြောင့် ဓါးပျံဂိုဏ်းသားတွေအကုန်သေသွားပြီလို့ သိုင်းလောကမှာသတင်းလွှင့်စေချင်တယ်ရမလား"

"အင်း သမီးပြောတာမှန်တယ်"

"ဒါဆို ဒီညဘဲအကုန်လုံးထွက်ခွာကြတာပေါ့"

"အင်း"

ညအချိန်တွင် အားလုံးအစာစားပြီး ဂိုဏ်းထဲမှတန်ဖိုးရှိသည့်ပစ္စည်းများကိုယူကာ ဂိုဏ်းကနေထွက်လာခဲ့ကြသည်။

ကူညီပါရစေ system Where stories live. Discover now