1.10 (ပြီး)

6 2 0
                                    

<Unicode>
‌စိုးသက်သခင်နဲ့ ချစ်သက်မေတို့ ကျောင်းနားခံရတာ တစ်ပတ်ပြည့်တော့ နှစ်ယောက်သား လက်တွဲပြီးကျောင်းသို့ရောက်လာတော့သည်။

သူမတို့နှစ်ယောက်ကျောင်းထဲဝင်လိုက်တာနဲ့ မေသူက အပြေးလေးရောက်လာပြီး ချစ်သက်မေရှေ့တွင် ရပ်ကာ

"မသက် ကျောင်းလာပြီလား မသက်သိလား မေသူလေ ‌မသက်ကိုအရမ်းလွမ်းနေတယ်ဆိုတာ စိုးသက်သခင် မင်းကအရှက်မရှိငါ့ရည်းစားကိုကြောင်တောင်နှိုက်ချင်တာလားပြော"

ချစ်သက်မေ မျက်မှောင့်ကြုံ့နေသလို စိုးသက်သခင်ကလည်း ရွံစရာသတ္တဝါကိုကြည့်နေသလိုမျိုး မေသူကိုကြည့်လာသည်။

မေသူက အနီးအနားတွင်သွားလာနေသည့်ကျောင်းသူများကြားအောင်

"အားလုံးဘဲ ကြည့်ကြပါအုံး ကျမရည်းစားကို စိုးသက်သခင်က ကြောင်တောင်နှိုက်နေတယ်"

ဆိုပြီး အော်ဟစ်လာတော့သည်။တစ်ချို့ကျောင်းသူတွေကလည်း ဖုန်းထုတ်ကာ video ရိုက်သူကရိုက် live လွှင့်သူကလွှင့်နဲ့ သူတို့ရဲ့စကားဝိုင်းကိုအာရုံစိုက်လာကြသည်။

မေသူက အရင်နေ့တွေတုန်းက တစ်ရက်မှမပျက်ကွက်ဘဲ နေ့တိုင်းရောက်လာသည့် ပို့စ်ကတ် ၅ ကတ်စ်ကို ထုတ်ပြကာ

"အားလုံးဘဲ ကြည့်ကြပါအုံး မသက် မေသူ့ဆီရေးတဲ့စာတွေကို ဘာတဲ့ စိုးသက်သခင်ရဲ့လုပ်ရပ်တွေကြောင့် တောင်းပန်ပါတယ် မသက်၊လွမ်းတယ် မေသူရယ်...မေသူ့မသက် ပြီးတော့ မေသူကိုမသက်ချစ်တယ် မေသူရောမသက်ကိုချစ်လားဟင် တဲ့ နောက်တစ်ခုက အရမ်းချစ်တာဘဲ မေသူရယ် ‌ကျောင်းတက်ရင်ဆုံကြမယ်နော်၊ မေသူ အရမ်းအရမ်းတွေ့ချင်နေပြီကွာ တဲ့ ကဲ စိုးသက်သခင် မင်းရှက်တတ်ရင်လဲသေဖို့ကောင်းတယ်"

"ပြပါအုံး စာတွေ"

စိုးသက်သခင် စာကိုယူပြီးကြည့်လိုက်တော့

"ဟား ဟား..ဟား...မေသူ ရူးသွားပြီလား အားလုံးဘဲ လက်ရေးကိုလာကြည့်ကြပါအုံး မမ မမစာအုပ်ခနပြ"

ချစ်သက်မေကလည်း သူ့ကလေးအလိုကျ စာအုပ်ထုတ်ပေးလိုက်တော့ စိုးသက်သခင်က လက်ရေးနှစ်ခုကိုယှဉ်ပြလိုက်သည်။

ကူညီပါရစေ system Where stories live. Discover now