2.1

6 2 0
                                    

<Unicode>
သွန်းဝတီနောက်ကမ္ဘာရောက်ချိန်တွင် ထိုင်ခုံတစ်ခု၌ထိုင်နေပြီး သူမရှေ့တွင် မိန်းကလေးတစ်ယောက်က ဒူးထောက်ကာ ကြောက်လန့်တကြားထိုင်နေသည်။

သွန်းဝတီပါးစပ်တွင် တစ်ခုခုညှပ်ထားသလိုခံစားရတာကြောင့်ဖြုတ်ကြည့်လိုက်တော့ အငွေ့တထောင်းထောင်းနှင့်ဆေးလိပ်ဖြစ်နေသည်။

ဆေးလိပ်ကိုဟန်ပါပါနဲ့ တစ်ချက်ရှိုက်သောက်လိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချကာ ဖနောင့်နဲ့နင်းချေလိုက်သည်။

ပြီးနောက်ခုံပေါ်နောက်မှီထိုင်ချလိုက်ပြီး

"သွားတော့"

ဆိုပြီးလက်ခါကာ ပြောလိုက်တော့ ဒူးထောက်နေသည့် မိန်းကလေးဟာ အမြန်ထပြီး ပြေးထွက်သွားတော့သည်။

အခုသူမရောက်နေတာက G -12 (E) အခန်းဖြစ်သည်။ထိုအခန်းသည်အလွန်ဆိုးသွမ်းသည့်ကျောင်းသားများသာရှိပြီး စာညံ့လွန်းသည့်ကျောင်းသားများ၏နေထိုင်ရာ သုခဘုံတစ်ခုဖြစ်သည်။

ခုနက‌မိန်းကလေးကတော့ ထုံးစံအတိုင်း ပတ်ဟွန်းနာ၏အနိုင်ကျင့်ခံကောင်မလေးဖြစ်သည်။

ဒီနေ့တော့အခုမှရောက်တာမို့ လွတ်လွတ်လပ်လပ်နေဖို့တွေးထားလိုက်သည်။ခုံကိုအနောက်ဘက်အနည်းငယ်တွန်းလိုက်ပြီး စားပွဲပေါ် ခြေနှစ်ချောင်းတင်ကာ ခေါင်းနောက်လက်လျှိုထည့်ပြီး အိပ်လိုက်သည်။

မကြာခင်တွင် ဆရာမဝင်လာပြီး ဆူညံနေတဲ့အတန်းကိုလစ်လျူရှုကာ သူမသင်ရမည့်သင်ခန်းစာများကို ဖတ်ပြရွတ်ကြကာ ကျောက်သင်ပုန်းတွင်အဖြေရေးခဲ့ပြီး ထွက်သွားတော့သည်။

နေ့လည်ထမင်းစားကျောင်းဆင်းခေါင်းလောင်းထိုးချိန်တွင် ကျောင်းသားများက စာအုပ်တွေကိုလေပေါ်ဝဲစေလိုက်ပြီး ဝုန်းဒိုင်းကြဲထွက်သွားကြတော့သည်။

(သွန်းဝတီကို ပတ်ဟွန်းနာလို့ရေးပါပြီ ရှုပ်မှာဆိုးလို့😋)

ပတ်ဟွန်း‌နာနဲ့သူမနောက်လိုက်တွေကတော့ ခုံမှာထိုင်ကာ စကားပြောနေကြသည်။ဒီအချိန်က ဇာတ်လိုက်မပတ်ဆွန်းနာ နေ့လည်စာလာပို့ပေးမည့်အချိန်ဖြစ်သည်။

ကူညီပါရစေ system Where stories live. Discover now