2.5

7 1 0
                                    

<Unicode>
ဒီတစ်ခါတွင်တော့ ပက်ဟွန်းနာက ဘေးကိုအသာရှောင်လိုက်တာကြောင့် ပက်သခင်ကြီးက လေကိုသာထိုးမိတော့သည်။

ဒါကိုပက်ဆွန်းနာတွေ့တော့

" မမဘာလို့ ဖေဖေထိုးတာကိုရှောင်လိုက်တာလဲ ဖေဖေတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ မမ တစ်ချက်ထိုးခံရတာ ကိစ္စမရှိပေမဲ့ ဖေဖေသာတစ်ခုခုဖြစ်ရင် ပက်အိမ်တော်က ငါးပါးမှောက်ကုန်မှာနော်"

ပက်သခင်ကြီးရဲ့လက်မောင်းကို စိုးရိမ်တကြီးသွားတွဲလိုက်ပြီး ပက်ဟွန်းနာကို ‌ပြောလိုက်သည်။

ပက်ဟွန်းနာ ထိုစကားကြောင့်

" ဟက် ကိစ္စမရှိဘူး ဟုတ်လား😏😏"

ပက်ဟွန်းနာ မဲ့ပြုံးပြုံးရင်း ပက်ဆွန်းနာဆီလက်သီးတစ်ချက်နဲ့ထိုးလိုက်တော့ ပက်ဆွန်းနာ၏နှုတ်ခမ်းထောင့်မှ သွေးတွေကျလာသည်။

နာကျင်သွားတဲ့ ပါးပြင်ကြောင့် ပက်ဟွန်းနာကို ဒေါသတကြီးကြည့်ပြီး ပါးရိုက်ဖို့လက်မြှောက်လိုက်ချိန် ပက်ဟွန်းနာ၏ဆောင့်ကန်ချက်ကြောင့် အနောက်သို့လန်ကျသွားတော့သည်။

"တစ်ချက်လောက်ထိုးခံရတာ ကိစ္စမရှိဘူးမလား ဘာလို့ပြန်လုပ်ချင်ရတာလဲ ချစ်ညီမလေး"

"တော်လိုက်တော့ ပက်ဟွန်းနာ ငါ့အိမ်က ထွက်သွားစမ်း"

"သွားမှာပါ ဒီလိုစိတ်ပျက်စရာကောင်းတဲ့အိမ်မှာ တစ်စက္ကန့်တောင်မနေချင်ဘူး "

"ထွက်သွား!!.."

တံခါးပေါက်ကို လက်ညိုးထိုးပြကာ ဒေါသတကြီးအော်ဟစ်လာတဲ့ ပက်သခင်ကြောင့် ပက်ဟွန်းနာ တစ်ချက်သာ‌ပြုံးပြခဲ့ပြီး ထွက်သွားတော့သည်။

ကားကိုစီးပြီး ညနေက သူသွားခဲ့တဲ့ ကလေးအိမ်ကိုပြန်သွားရတော့သည်။အိမ်ရှေ့ရောက်တာနဲ့ တံခါးခေါက်လိုက်တော့ သူ့ကလေးက ချက်ချင်း တံခါးတန်းဖွင့်ပေးလာသည်။

ဟန်ဟယ်ဝန်း ရုတ်တရက် တံခါးခေါက်သံထွက်လာတာကြောင့် ဖွင့်ကြည့်လိုက်တော့ မျက်နှာမှာအထိုးခံထားရပြီး မျက်နှာငယ်နဲ့ရပ်နေတဲ့ မမကိုတွေ့လိုက်ရသည်။

ကူညီပါရစေ system Where stories live. Discover now