<Unicode>
လမ်းတွင်ထပ်တွေ့သည့်ဇွန်ဘီတစ်ချို့ကို မိန်းကလေးမှ တိုက်ခိုက်ရှင်းလင်းပြီးနောက် နှစ်ယောက်သား အားကစားခန်းမသို့ရောက်ရှိလာခဲ့သည်။အရင်ကဖွင့်ထားသည့် အားကစားခန်းမဟာယခုတွင်တော့ ဇွန်ဘီရန်မှကာကွယ်ရန် အထဲမှလော့ခ်ချထားသည်။
Rose တံခါးကို လက်ဆစ်နဲ့ ခေါက်လိုက်ပြီး
"တံခါးဖွင့်အုံး !!! အပြင်မှာလူရှိတယ်"
ဆိုပြီးအသံအနည်းငယ်ကျယ်ကျယ်နဲ့ပြောလိုက်တော့ အတွင်းမှ လှုပ်ရှားသံထွက်ပေါ်လာပြီး ပိတ်နေတဲ့တံခါးဟာ အနည်းငယ်ဟလာသည်။
အတွင်းမှ မျက်ဝန်းတစ်စုံက wheelchair
ပေါ်တွင် အတူတူထိုင်နေသည့်တှစ်ယောက်ကိုကြည့်ပြီး လူဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝင်ခွင့်ပြုလာသည်။Rose တို့ဝင်သွားပြီး အထဲရှိလူကိုကြည့်လိုက်ချိန် အယောက် ၂၀ ကျော်ကျန်သေးကြောင်း တွေ့လိုက်ရသည်။
အကုန်လုံးရဲ့မျက်နှာတွေဟာ ချွေးတွေနဲ့ပေရေနေပြီး အဝတ်များဟာလည်း သပ်ရပ်မနေတော့ပေ...
"Daisy"
ဆိုတဲ့ခေါ်သံနဲ့အတူ Rose တို့နား မိန်းကလေးတစ်ယောက်ရပ်လာပြီး သူက Rose ၏ကလေးကိုယ်ကို ပွေ့ဖက်ကာ တစ်ကိုယ်လုံးကိုကြည့်ရှုစစ်ဆေးနေသည်။
"Daisy နင်ဘယ်ရောက်သွားတာလဲ ငါ့မှာစိုးရိမ်လိုက်ရတာ အဆင်ပြေရဲ့လား ဒဏ်ရာတွေရော ရသေးလား"
Dandelion ၏အမေးစကားကြောင့် Daisy ခေါင်းကိုခါပြလိုက်ပြီး သူမအဆင်ပြေကြောင့် တစ်ကိုယ်လုံးကို လှည့်ပြပြီး လက်မထောင်ပြလိုက်သည်။
မျက်နှာသေနှင့် စကားမပြောဘဲ အမူအယာဖြင့်သာလုပ်ပြနေသည့် ကလေးကြောင့် Rose စိတ်ထဲကနေ doll ကိုမေတ္တာအတုံးလိုက်အတစ်လိုက် ပို့ပေးလိုက်သည်။
Mission မအောင်လို့ ပြစ်ဒဏ်ခံရတာက သူတင်မဟုတ် ကလေးပါခံနေရတာလား ဆိုပြီးတွေးမိလိုက်တော့ အပြစ်ရှိစိတ်အနည်းငယ်ခံစားလိုက်ရသည်။
ထိုအပြစ်ရှိစိတ်က အခုချိန်ထိ လက်ကိုမလွှတ်ဘဲကိုင်ထားသေးသည့် Dandelion (ဒန်းဒလိုက် <ဒုဓလီ>) ကြောင့် ပျောက်သွားသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋