<Unicode>
ပက်ဟွန်းနာ ကားပေါ်ကအလျှင်အမြန်ဆင်းလိုက်ပြီး ထိုင်ခုံပေါ်တွင်ကြိုးတုပ်ခံထားရတဲ့နှစ်ယောက်အနက် ကလေးကိုကြည့်လိုက်ပြီး"ကလေး ဘာဖြစ်သွားသေးလဲ တောက်စ် ပက်ဆွန်းနာ မင်းကိုငါ ငါ့ကလေးကို မထိနဲ့လို့သတိပေးခဲ့တာကို မင်းကလာထိရဲသေးတယ်ပေါ့"
"အဟက် ပက်ဟွန်းနာ ပက်ဟွန်းနာ အစကတော့ နင့်ကိုငါ တစ်ဖြေးဖြေးနဲ့ပျောက်ကွယ်သွားအောင်လုပ်ချင်ပေမဲ့ နင်က ငါ့ရဲ့နောက်ဆုံးစည်းကိုလာထိတာကို အဲ့တော့ ငါကလည်း ရွေးချယ်စရာမရှိတော့ဘူးလေ ဘယ်မှာလဲ ငါ့ပုံတွေအကုန်ဖြတ်လိုက် သူ့ကိုလွှတ်ပေးမယ်"
...
နေ့လည်ထမင်းစားကျောင်းဆင်းချိန်တွင်.. ပက်ဟွန်းနာ သူ့ကလေးကိုစလိုက်ရလို့ အပြုံးနဲ့ဆင်းလာချိန် ထောင့်ချိုးတွင် စကားသံတစ်ချို့ကြားလိုက်ရသည်။
အစက ကိုယ်နဲ့မဆိုင်လို့ထွက်သွားဖို့ပြင်ပေမဲ့ ဟန်ဟယ်ဝန်းဆိုတဲ့ကလေးရဲ့နာမည်ကြားလိုက်တာကြောင့် ဆက်ပြီးနားထောင်ကြည့်လိုက်သည်။
"သေချာပိရိနေပါစေ "
"ဟုတ်ကဲ့ပါ ပက်သခင်မလေး"
အခိုင်းခံရသူ ယောက်ျားလေးတစ်ယောက်က ပိုက်ဆံယူပြီး ထွက်သွားသည်။ပက်ဟွန်းနာထိုယောက်ျားလေး၏မျက်နှာကိုသေချာမှတ်သားထားလိုက်ပြီး ပက်ဆွန်းနာထိုနေရာကထွက်သွားချိန် ယောက်ျားလေးနောက်အပြေးလိုက်သွားလိုက်သည်။
လမ်းတစ်ဝက်မှာတင်တွေ့လိုက်ရတဲ့ ထိုယောက်ျားလေးကို နံရံဆွဲဆွဲကပ်လိုက်ပြီး
"ပက်ဆွန်းနာ ဘာခိုင်းလိုက်တာလဲ"
"အယို့ အလှလေးဘဲ ဘာလဲ ကိုကြီးကိုစိတ်ဝင်စားလို့လား "
ပရောပရီလုပ်နေသည့်ကောင်ကြောင့် ဂွကြားကို ဒူးနဲ့အားရပါးရတိုက်လိုက်ပြီး
"မေးနေချိန် ကောင်းကောင်းဖြေရင်ကောင်းမယ်နော်"
ထိုယောက်ျားလေးမှ ပြန်မပြောဘဲ နာကျင်သွားသည့်သူ၏ညီငယ်ကို လက်နှစ်ဖက်နဲ့အုပ်ပြီး နာကျင်စွာညီးသွားတော့သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋