4.8

2 2 0
                                    

<Unicode>
ထရီ နှိုက်ထုတ်လိုက်သည့်ပစ္စည်းကိုကြည့်ပြီး လူတိုင်းအံဩသွားသည်။ထိုအရာက လူ့လက်ညိုးတစ်ချောင်းသာဖြစ်သည်။

အားလုံးအံဩတကြီးဖြစ်သွားကြသည်။ထရီ လက်ညိုး 1 ချောင်းကိုထုတ်လိုက်ပြီး သူ့အိတ်ကပ်ထဲထည့်လိုက်သည်။

ကျန်တဲ့သူတွေရဲ့ဒဏ်ရာမှလက်ညိုးတွေကို နှုတ်လိုက်ပြီး သူ့လက်ထဲတွင် 4 ချောင်းထပ်ရောက်လာသည်။

ထရီပြုံးလိုက်ပြီး လက်ညိုးအားလုံးကို အိတ်ကပ်ထဲထည့်လိုက်သည်။ထိုအခါ ကျန်တဲ့လူ 7 ယောက်၏နားထဲတွင်

"လက်ညိုးကို လု အဲ့တာဆို မင်းတို့ဒီထဲကနေလွတ်မြောက်နိုင်လိမ့်မယ် လု လု လု.."

ဆိုတဲ့အော်သံကိုကြားလိုက်ရသည်။ထရီမှလွဲ၍ကျန်သည့်သူအားလုံးဟာ ထိုအသံကြောင့် ထရီ၏အိတ်ကပ်ဆီအကြည့်ရောက်သွားကြသည်။

အားလုံးကလည်းရှင်သန်ချင်တာကြောင့် ထိုလက်ညိုးကိုလုဖို့ ထရီဆီလက်လှမ်းလာကြသည်။

ဝီရာအားလုံးထက်ဦးအောင် ထရီ၏လက်ကိုလှမ်းဆွဲလိုက်ပြီး

"မမ လက်ညိုးကိုအမြန်ထုတ်ပေးလိုက်"

ဆိုပြီး ပြောလိုက်သည်။ထရီကလည်း ဘာမှစဉ်းစားမနေဘဲ လက်ညိုးကိုထုတ်ပေးလိုက်သည်။

လက်ညိုး ၅ ချောင်းလုံးဟာ ကြမ်းပြင်ထက်ကျသွားချိန် ၆ ယောက်လုံးက တစ်ယောက်တစ်ချောင်းယူလိုက်သည်။

အမ်ဖန်ကသာ လက်ညိုးမရလိုက်တာကြောင့် စိတ်တိုသွားသည်။သူ့နားထဲတွင်

"လု ရအောင်လု မဟုတ်ရင် နင်ဘဲဒီမှာကျန်ခဲ့လိမ့်မယ်"

ဆိုတဲ့ပြောသံကြားလိုက်ရတာကြောင့် သူ့လက်တွင်ပါသည့် ဓါတ်မီးရိုးနှင့် ကျောင်းသူတစ်ယောက်၏ခေါင်းကိုရိုက်လိုက်သည်။

ထိုကျောင်းသူ ကြမ်းပြင်ပေါ်လဲကျသွားချိန် အမ်ဖန်က ထိုကျောင်းသူရထားတဲ့လက်ညိုးကိုယူလိုက်သည်။

ထိုကျောင်းသူကလည်း ဒီနေရာမှလွတ်မြှောက်ချင်တာကြောင့် လက်ညိုးကိုပြန်လုဖို့ထရပ်လိုက်ချိန် အမ်ဖန်က ဓါတ်မီးနှင့်ခေါင်းကိုအဆက်မပြတ်ထုလိုက်သည်။

ကူညီပါရစေ system Where stories live. Discover now