1.3

8 3 0
                                    

<Unicode>
ချစ်သက်မေ သူ့ကလေးအနားဝင်ထိုင်လိုက်ပြီး

"မမ သွားပြီးဝယ်ပေးရမလား"

"တော်ပါပြီ ဟို အမှိုက်လေးဘဲသိမ်းပေးရင်ရပါပြီ"

"ကလေး မမကိုမှန်မှန်ပြော သူတို့ကလေးကိုအနိုင်ကျင့်ကြတယ်မလား"

"အင်း.."

"ဘယ်သူတွေလဲ မမကိုပြော"

"အကုန်လုံးဘဲ"

"နောက်ဆို မမကာကွယ်ပေးမယ်နော်"

"ဟုတ် အာဘွား😘😘"

ထိုင်ရာကနေ ထပြီး ချစ်သက်မေရဲ့ပါးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး နှုတ်ခမ်းကိုအာဘွားတမင်ပေးလိုက်သည်။

'အားကျကြစမ်း မင်းတို့ကြွေနေတာ ငါ့မမကြီးကွ ဟားဟား'

စိတ်ထဲတွင် တွေးပြီးရီရုံသာမက အပြင်‌တွင်ပါ ပြုံးတုံးတုံးဖြစ်သွားသည်။ခနအကြာမှာတော့ ဆရာမဝင်လာတာကြောင့် အားလုံးက မတ်တပ်ရပ်ထပြီးနှုတ်ဆက်ကာ သင်ခန်းစာများကိုစတင်သင်ကြားတော့သည်။

ကျောင်းသူတစ်ချို့ကလည်း ငိုက်သူကငိုက် ဟိုကြည့်ဒီကြည့်နဲ့ကြည့်နေသူကကြည့်နဲ့စာလိုက်ကြည့်သူက အနည်းငယ်သာရှိသည်။

ချစ်သက်မေကတော့ စာကို ဂရုတစ်စိုက်လိုက်ကြည့်ကာ မှတ်သားလေသည်။အတော်ဆုံးကျောင်းသားဖြစ်မှ mission အောင်မှာဖြစ်သလို သူနဲ့ကလေးလိုချင်သည့်ကိစ္စလည်းပြည့်ဝမည်ဖြစ်သည်။

စိုးသက်သခင်ကတော့ ခုံအောက်ကနေ မုန့်တွေတစ်ခုပြီးတစ်ခုနှိုက်စားလိုက် တစ်ခါတစ်လေ သူ့မမကိုပါ ခွံ့ကျွေးလိုက်နဲ့ပျော်ရွှင်နေသည်။

စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ကုန်လွန်သွားတဲ့နောက် ကျောင်းဆင်းချိန်သို့ရောက်လို့လာတော့သည်။

ချစ်သက်မေနဲ့ စိုးသက်သခင်က လက်တွဲပြီး ကျောင်းကထွက်လာချိန် လူတိုင်းက နှစ်ယောက်သားကို အားကျသလိုကြည့်နေကြသည်။

အများနဲ့မတူဘဲ ထိုမြင်ကွင်းကိုမုန်းတီးစွာကြည့်နေသူတစ်ချို့လည်းရှိပေသည်။ထိုထဲတွင် မေသူကတော့မပါမဖြစ်ပေါ့...

ကူညီပါရစေ system Where stories live. Discover now