<Unicode>
နှုတ်ခမ်းကိုက်ကာ အားနာစွာပြောလာတဲ့ကလေးကြောင့်"ကလေး မမကိုအားနာစရာမလိုဘူး မမနဲ့လိုက်ခဲ့မလား ဒီအိမ်ကိုဒီတိုင်းထားခဲ့လိုက်"
"လိုက်တာတော့ ဟုတ်ပါပြီ ဒါပေမဲ့ ဒီအိမ်က မူလပိုင်ရှင်ရဲ့တစ်ခုတည်းသော ပိုင်ဆိုင်မှုလေ "
"မမ ကိုယုံလိုက် နှစ်လကြာရင် ဒီကိုပြန်လာနေကြမယ်"
"မမ တကယ်ပြောတာလား"
"မမက ဘယ်တုန်းကညာဖူးလို့လဲ"
"ဟီး ဟုတ်သားဘဲ သွားကြမယ်"
"အင်း"
"လမ်းအကြာကြီးလျှောက်လိုက်ရတော့ ခြေထောက်က ဘာဖြစ်နေမှန်းမသိဘူး "
"အဆိုးလေး လာမမကျောပေါ်တက်"
မြေပြင်ပေါ်ခြေထောက် တစ်ဖက်ထောက်ကာ ကုန်းပိုးဖို့ပြောလာတဲ့ မမကြောင့် စိုးသက်သခင်အားမနာတော့ဘဲ ထိုကျောပေါ်သို့တက်လိုက်ပြီး ပြုံးကာ
"မွ ဆုချတာ"
"တစ်ဖက်ထဲလား"
"မွ ရပြီလား"
ကျောပေါ်ကနေ ခေါင်းကိုရှေ့တိုးကာ အပြစ်အနာအဆာမရှိဘဲ ချောမွတ်သည့် ချစ်သက်မေပါးနှစ်ဖက်ပေါ် အနမ်းခြွေရင်း စိုးသက်သခင်မှာ လှုပ်ရွလှုပ်ရွနဲ့ ချစ်သက်မေခေါ်ဆောင်ရာနောက်လိုက်လာခဲ့တော့သည်။
နှစ်ယောက်သား ချစ်သက်မေရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ ဗီလာကိုအတူတူလာခဲ့ကြသည်။
ခုနကအိမ်ကျဉ်းနဲ့အခု ဗီလာကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် နှိုင်းယှဉ်လို့တောင်မရပါဘူးလေ..
ချစ်သက်မေ ကသူ့ကလေးကို ကျောပေါ်ကချလိုက်ပြီး လျှို့ဝှက်နံပါတ်တစ်ချို့ရိုက်ထည့်ကာ အိမ်ထဲဝင်လိုက်သည်။
"ကလေး ရေအရင်ချိုးလိုက်နော်"
"မမနဲ့ချိုးချင်တယ်"
"အခုတော့ နေအုံး မမ ညနေစာချက်လိုက်အုံးမယ် ကလေးအရင်ချိုးလိုက်"
"အော်"
စိုးသက်သခင်ရေချိုးနေချိန် ချစ်သက်မေက ညစာအတွက် မီးဖိုချောင်တွင်ပြင်ဆင်ချက်ပြုတ်နေသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋