5.5

1 1 0
                                    

<Unicode>
ရှုးယင်း တစ်ဖက်က လူတွေကို တိုက်ခိုက်ရင်း ဘယ်ဂိုဏ်းများဖြစ်မလဲတွေးကြည့်လိုက်သည်။

ဒီနေ့သူတွေ့တဲ့ဂိုဏ်းထဲက ဘယ်ဂိုဏ်းရဲ့သိုင်းကွက်နဲ့မှမတူဘဲ သူတို့ရဲ့သိုင်းကွက်ကတစ်မျိုးဖြစ်နေသည်။

ပြီးတော့ သူတို့တိုက်နေတာက သိုင်းကွက် 10 မျိုးပါသည့်သိုင်းကွက်ကိုသာ သုံးနေကြသည်။သိုင်းကွက် 10 ကွက်လုံးပြီးရင် အစကနေပြန်စကာ ထပ်တိုက်ကြပြန်သည်။

ဓါးစကြာဂိုဏ်းဘက်မှလူတွေလည်း သူတို့၏ဓါးကို စကြာလိုပုံစံလှည့်ပြီး 5 ယောက်သား လူ 5 ယောက်ကိုဝိုင်းပတ်လှည့်ကာ တိုက်ခိုက်ကြတော့သည်။

5 ယောက်လုံးက သိုင်းပညာအဆင့်မြှင့်မားသူများဖြစ်တာကြောင့် သိပ်မကြာခင်မှာဘဲ 5 ယောက်လုံးကို အသေသတ်ပစ်နိုင်ကြသည်။

ရှုးယင်း၏ဘက်တွင်တော့ နှစ်ယောက်တစ်ယောက်တိုက်နေရသည်။သူမတွင် မိစ္ဆာသိုင်းကွက်၊အစွမ်းအပြင် နေ့လည်က သူများဆီကကြည့်ထားတဲ့သိုင်းကွက် အနည်းငယ်ကိုမှတ်မိနေတာကြောင့် ရောသမမွှေကာတိုက်ခိုက်လိုက်သည်။

ခဏအကြာမှာဘဲ 2 ယောက်လုံးဟာ သွေးတစ်ပွက်ဆီအန်ကာ လဲကျသွားသည်။နှစ်ယောက်လုံးက သူတို့မနိုင်တော့မှန်းသိသွားတော့ မိမိဓါးနဲ့လည်မျိုကို လှီးကာ အဆုံးစီရင်သွားကြသည်။

အကုန်လုံးသေသွားတဲ့အချိန်မှ ဓါးစကြာဂိုဏ်းမှ လူတွေက ရှုးယင်း၏ရှေ့တွင် ခေါင်းငုံ့ကာ

"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် မိစ္ဆာအရှင်မရှုးယင်း"

"ရပါတယ် ဒီတိုင်းအမြင်မတော်လို့ ဝင်ကူဘီရုံဘဲ"

သူမပြောပြီးတာနဲ့လက်နောက်ပစ်ကာပြန်ထွက်လာလိုက်သည်။တစ်ဖက်က ဓါးစကြာဂိုဏ်းမှလူတွေက အလောင်းတွေကို ဘယ်ဂိုဏ်းကလူလဲဆိုတာ စစ်ဆေးကြည့်လိုက်သည်။

အားလုံး၏ ရင်ဘက်နားတွင် ဓါးပုံစံတက်တူးထိုးတာကြောင့် ဒီလူတွေက ဓါးပျံဂိုဏ်းကဆိုပြီးကောက်ချက်ချလိုက်ကြတော့သည်။

နောက်နေ့မနက်ရောက်တာနဲ့ ဂိုဏ်းပေါင်းစုံကြား ဓါးစကြာဂိုဏ်းသားတွေက မနေ့ညကအလောင်းတွေကို စင်မြင့်ပေါ်မှာ တန်းစီကာချထားလိုက်သည်။

ကူညီပါရစေ system Where stories live. Discover now