<Unicode>
Rose ထိုအခန်းကနေထွက်ပြီး တစ်ခြားနေရာကို တိတ်တိတ်ကလေးသွားတော့သည်။လမ်းမှာတွေ့သည့် ဇွန်ဘီတစ်ချို့ကို တိုက်ခိုက်ပြီး တစ်ချို့ကိုတော့ ရှောင်ရှားရင်း ထွက်ပြေးနေရသည်။အကောင်းတိုင်းရှိနေသည့်သူတွေတောင်ထွက်ပြေးဖို့ခက်တာ သူမလို ဒုက္ခိတဆိုပြောမနေနဲ့တော့ စိတ်သွားတိုင်းကိုယ်မပါဖြစ်နေသည်။
စိတ်က ကျောင်းပြင်ပရောက်သွားပေမဲ့ ခန္ဓာကိုယ်ကတော့ နေရာကနေ ၃ ပေတောင်မရွေ့ပေ...
Rose လှေကားမှ ဆင်းလို့မရတာကြောင့် အခြေအနေကြည့်ပြီး သူမတို့အတွက်စီစဉ်ပေးထားသည့် တစ်ပြေးညီလှေကားမှ ဆင်းသွားလိုက်သည်။
အရင်ဦးဆုံး အမျိုးသမီးသန့်စင်ခန်းသို့ဝင်ပြီး လူရှိမရှိလိုက်ကြည့်လိုက်သည်။သန့်စင်ခန်းတစ်ခုတွင် အထဲမှ တံခါးပိတ်ထားတာကြောင့် ထိုတံခါးကိုသွားခေါက်လိုက်ပြီး
"အထဲမှာ လူရှိလား !!"
ဆိုပြီးအသံပေးလိုက်သည်။ထိုအခါ တံခါးအတွင်းရှိအသံဟာပိုမိုကျယ်လောင်လာပြီး တံခါးကို ကိုယ်လုံးနဲ့တွန်းဖွင့်နေသလို တစ်ဒုန်းဒုန်းအသံထွက်လာသည်။
အထဲက ဖွင့်မရသည့် ပုံစံမို့ အခန်းတံခါးရှေ့ကြည့်လိုက်တော့ အပြင်ကနေ တံခါးကို ပိတ်ထားတာတွေ့လိုက်ရသည်။
အရင်ကမ္ဘာလို အကျင့်ပုတ်သူတွေက အားနည်းတဲ့မိန်းကလေးတွေကို အခန်းထဲထည့်ပိတ်သွားတယ်ထင်တာကြောင့် ဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ အထဲကနေ အမဲရောင်အရည်တွေစီးကျနေသည့် ပါးစပ်တစ်ခုဟာ အကျယ်ကြီးဟပြီး ဦးဆုံးထွက်လာသည်။
ရုတ်တရက်ပေါ်လာတဲ့မြင်ကွင်းကြောင့် Rose. လန့်သွားပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
ဒါပေမဲ့ အထဲကနေ ကိုယ်လုံးတစ်ဝက်ထွက်ပြီး တံခါးကြားညှပ်နေတာမို့ အရည်တွေတမျှားမျှားနဲ့ ဇွန်ဘီမဟာ အသံထွက်ရင်း တွန့်လိမ်နေတဲ့လက်နဲ့ လှမ်းဆွဲလာသည်။
တံခါးကို လက်တစ်ဖက်နဲ့ဖိထားရင် ဓါးမြှောင်နဲ့ ထိုဇွန်ဘီရဲ့ခေါင်းကို လေးငါးချက် ဆက်တိုက်ထိုးလိုက်သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋