3.6

5 2 0
                                    

<Unicode>
Rose အခန်းတွင်ထဲကြည့်လိုက်တော့ ပလက်စတစ်ကြိုးခွေလိုက်အပြင် မြှား၊ဘေ့စ်ဘောတုတ်၊ဘောလုံး၊ဘက်စကတ်ဘော နဲ့ပိုက်ကွန်တစ်ချို့အပြင် အားကစားပစ္စည်းအစုံရှိနေသည်။

အခန်းထဲသွားပြီး တိတ်ခွေများရှိမလားဆိုပြီးကြည့်လိုက်တော့ ဘယ်ချိန်က လာထည့်ထားမှန်းမသိသည့်တိတ်အခွေလိုက်တွေ့လိုက်ရသည်။

"အားလုံးဘဲ တိတ်ကိုယူပြီး လက်နဲ့ခြေထောက်တွေမှာပက်လိုက်ကြပါအထူးသဖြင့် လက်မှာပက်ကြ အမြန်"

တစ်ချို့လွတ်မြှောက်ချင်သူတွေက တိပ်ကိုယူပြီးအမြန်ပက်ကြတော့သည်။ Rose လည်းတိပ်နဲ့ပလက်စတစ်ကြိုးခွေကိုယူပြီး ကလေးကို အရင်ပက်ပေးလိုက်သည်။

Daisy ကလည်း သူ့မမကိုပြန်ပက်ပေးလိုက်သည်။သူမအရင်က ဒီမိန်းကလေးကိုလုံးဝမသိခဲ့ပေ..စတွေ့တုန်းကတောင်ဘာမှမခံစားရဘဲ သူမ လက်ကောက်ဝတ်ကိုလာကိုင်ချိန်မှ သူတို့နှစ်ယောက်ဟာအရင်ကတည်းကရင်းနှီးခဲ့ကြသလိုခံစားလိုက်ရသည်။

ပြီးတော့ သူမခေါ်‌ ၊ပြောနေကြ ကလေး၊မမ ဆိုသည့်နာမ်စားဟာလည်း ကျင့်သားရနေသလို သူမရဲ့အနမ်းတွေကိုလည်း လိုလိုလားလားရှိနေတာအံဩစရာပင်...

တစ်ချို့လက်နှေးသူ နှစ်ယောက်ဟာတော့ တိပ်နဲ့ပလက်စတစ်ကြိုးကိုမရလိုက်ကြပေ..အကုန်လုံး ပက်ပြီးနောက် တိုက်ခိုက်လို့ရမည့်လက်နက်ကိုစတင်ရှာဖွေကြတော့သည်။

Rose သူမရဲ့ဓါးမြှောင်ကို နားကြပ်ကြိုးအစား ပိုက်ကွန်က ကြိုးမာမာများကိုအစားထိုးသုံးလိုက်သည်။

ဘောလုံး သုံး ၊လေးလုံးကိုလည်း အိတ်တစ်အိတ်နဲ့ထည့်ပြီးယူထားလိုက်သည်။မြှားဆံကိုလည်း ကျည်တောက်ဖြင့်ကျောနောက်တွင်လွယ်ကာ ရှေ့တွင်တော့ လေးကိုကိုင်ဆောင်ထားလိုက်သည်။

Daisy ကလည်း ဘေ့စ်ဘောနောက်တစ်ချောင်းကိုပြန်ယူလိုက်ပြီး ဘယ်၊ညာတစ်ချောင်းစီကိုင်ထားလိုက်သည်။

ရှည်လျားသည့်ဆံပင်ကိုလည်း ကြိုးတစ်ချို့ရှာကာ ချည်နှောင်ထုံးဖွဲ့ထားလိုက်သည်။အကုန်အဆင်သင့်ဖြစ်ပြီဆိုမှ အချင်းချင်းခေါင်းငြိမ့်ပြကာ ခန်းမတံခါးကိုဖွင့်ကြည့်လိုက်သည်။

ကူညီပါရစေ system Where stories live. Discover now