<Unicode>
Rose တို့ လုံခြုံရေးများထိုင်သည့်အဆောင်သို့ရောက်တော့ အကုန်လုံးဟာ ခြေပစ်လက်ပစ် ကြမ်းပြင်ပေါ်ထိုင်နေကြသည်။သူတို့ထိုင်ပြီးသိပ်မကြာခင်မှာဘဲ အပြင်ဘက်ဇွန်ဘီများဟာ လျှောက်သွားကာနေပြန်သည်။
Rose တို့ရှိသည့် အဆောင်ပေါ်သို့
"ဝုန်း!!"
ဆိုသည့်အသံနဲ့အတူ ပစ္စည်းတစ်ခုခုပြုတ်ကျလာသံထွက်ပေါ်လာသည်။ထိုအသံကြောင့် အသံမကြားရသည့် ဇွန်ဘီများဟာ ရုတ်တရက်
"ဂီ ဂီ ဂီ"
ဆိုသည့်အသံပေးကာ တစ်ကိုယ်လုံးတွန့်လိမ်ရင်း Rose တို့ရှိရာအဆောင်ဆီသို့ပြေးလာကြတော့သည်။
Rose တို့အားလုံးဟာ ငြိမ်သက်သွားပြီး အသက်တောင်ရဲရဲမရှုရဲကြတော့ပေ..တစ်ချို့ကတော့ ပါးစပ်ကိုလက်နှစ်ဖက်နဲ့ပိတ်ကာ ငိုမိမတက်သွားကြသည်။
အပေါ်ကပစ္စည်းဆီမှ
"ဟားဟားဟား!!"
ဆိုသည့်ရီသံကျယ်ကြီးထွက်ပေါ်လာပြီး အဆောင်ခေါင်းမိုးကို သူ၏ခြေထောက်နဲ့ အကျယ်ကြီး တက်နင်းတော့သည်။
အစက အသံသာကျယ်ပြီး အဆောင်ကဘာမှမဖြစ်ပေမဲ့ ၅ ချက်ကျော်လောက်တက်နင်းပြီးနောက် အဆောင်ခေါင်မိုးဟာ ခြေရာအတိုင်း အရာထင်လာသည်။
Rose မျက်မှောင့်ကြုံ့လိုက်ပြီး အပေါ်ကလူဟာဘယ်လိုလူလဲဆိုတာတွေးလိုက်သည်။ဇွန်ဘီတွေကြားမှာ ဒီလိုနေနေတဲ့အပြင် ထိုလူရဲ့ခွန်အားဟာလည်း လူတစ်ယောက်မှာရှိသင့်သည်ထက်ပိုနေသည်။
တက်နင်းသံဟာ နောက်ထပ်အချက် ၁၀ ချက်လောက်ထွက်လာပြီးနောက် အဆောင်အတွင်းသို့ သွေးကြောများမဲနက်နေသည့်ကောင်လေးတစ်ယောက်ဟာ ခေါင်မိုးပေါ်ကနေခုန်ဆင်းလာသည်။
သူက Rose ကိုဗီလိန်အပြုံးနဲ့ကြည့်လာပြီး မဲညစ်နေတဲ့သွားအစုံနဲ့ တဟားဟားအော်ရီပြလာသည်။
မျက်မှောင့်ကြုံ့ကာ ကြည့်နေတဲ့ Rose. ကိုတွေ့လိုက်တော့ သူ၏လက်အစုံကို အပေါ်အောက်ကြည့်လိုက်ပြီး သူ၏သွားကြားမှထွက်ကျနေသည့် အမဲရောင်အရည်တွေကို လက်ညိုးနဲ့ ကလော်ယူလိုက်ပြီး rose ဘက်သို့ပြလာသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋