<Unicode>
ထိုကောင်လေးက သူ့ရဲ့လက်ရှိသွေးကြောမဲများကို အံဩသလိုကြည့်လိုက်သည်။"ငါက ဘာလို့တစ်ခြားသူတွေလို ဇွန်ဘီဖြစ်မသွားတာလဲ "
ထို့နောက် သူ့ဘေးရှိ ဇွန်ဘီများကိုကြည့်လိုက်သည်။ထို ဇွန်ဘီတွေက သူ့ကိုမမြင်သလိုသာလျှောက်သွားနေကြသည်။
ကောင်လေးက ကြောက်စရာကောင်းအောင် အမဲရောင်သွားများနှင့်ရီလိုက်ပြီး ဇွန်ဘီတစ်ကောင်ရဲ့ရှေ့သွားလိုက်သည်။
ခေါင်းကိုဘယ်ပြန်ညာပြန်ချိုးလိုက်ပြီး လက်ဆစ်တွေကိုပါ တစ်တောက်တောက်နဲ့မြည်အောင်ချိုးလိုက်သည်။
ပြီးတော့ ဇွန်ဘီရဲ့မျက်နှာကို ထိုးချလိုက်ချိန် ထိုးခံရတဲ့ဇွန်ဘီဟာ နံရံသို့လွှင့်ထွက်သွားသည်။
"အဟက် ဟား ဟား ဟား.."
ထိုကောင်လေးက သူ့ရဲ့လက်သီးကိုကြည့်လိုက်ပြီး တဟားဟားအော်ရီလိုက်သည်။လက်နောက်ပစ်ကာ ခေါင်းမော့ရင်ကော့နဲ့ အားကစားခန်းမကနေထွက်လာလိုက်သည်။
လမ်းတစ်လျှောက်တွေ့လိုက်ရတဲ့ဇွန်ဘီတွေကို အပျင်းပြေထိုးနှက်လိုက်ပြီး ယုံကြည်မှုရှိစွာ ထိုနေရာကနေထွက်လာတော့သည်။
...
Rose တို့အဖွဲ့ဟာ လမ်းမှာတွေ့တဲ့ဇွန်ဘီတစ်ချို့ကို တိုက်ခိုက်ပြီး မြေညီထပ်သို့ရောက်လာတော့သည်။
အားလုံး၏မျက်နှာတွင် သွေးမဲများနဲ့ချွေးတွေဟာ ပေရေနေသည်။သူတို့မြေညီထပ်မှ ကျောင်းဝင်းအတွင်းထွက်လာချိန်တွင် ဇွန်ဘီတွေဟာ ပိုမိုများပြားလာကြသည်။
အားလုံး ကိုင်ဆောင်ထားတဲ့လက်နက်တွေနဲ့တိုက်ခိုက်ကြရင်း ကျောင်းဝင်းအပြင်သို့ထွက်ဖို့ပြင်ကြတော့သည်။
ဒါပေမဲ့ ကျောင်းဝင်းဟာ ကျယ်လွန်းပြီး အပြင်မထွက်ရတာကြာပြီဖြစ်တာကြောင့် တံခါးဟာဘယ်နားရှိမှန်းတောင် သိပ်မသိတော့ပေ..
နေရောင်ဟာလည်းပျောက်ကွယ်သွားပြီး လမင်း၏ အလင်းရောင်ဟာအစားထိုးဝင်ရောက်လာသည်။
နေ၏အလင်းလောက်မလင်းသည့်အပြင် ထိုညက လကွယ်ရောက်ဖို့တစ်ရက်သာလိုတော့တာကြောင့်အလင်းရောင်သိပ်မရှိပေ...
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋