<Unicode>
စိုးသက်သခင် ခေါင်းမော့ကြည့်လိုက်ပြီး လက်ညိုးထိုးကာ"နောက်တစ်ခါ အဲ့လိုတင်စီးတဲ့အသံနဲ့လာမပြောနဲ့ လူမရှိတဲ့လမ်းမှာ သတ်လိုက်လို့သေသွားမယ် ငါ့များဘာမှတ်နေလဲဟန့်"
သူမပြောပြီးတာနဲ့ နံရံသို့အကပ်ခံလိုက်ရပြီး နှုတ်ခမ်းကိုစုပ်နမ်းခံလိုက်ရသည်။ရုန်းကန်ဖို့ပြင်နေချိန်
"ကလေးက မမကိုတောင်မမှတ်မိဘူးဘဲ စွာတေးလန်လေး"
"ဘာစွာတေးလန်လဲ မမနော် သူများကို သူ့ကိုလွမ်းနေတာကို မြန်မြန်လည်းလာမတွေ့ဘူး အယ်နေအုံး မမက ချစ်မေသက်ကြီးလား"
"အင်း "
"ဘာလို့ ကလေးက ချစ်မေသက်မဟုတ်ရတာလဲ ကလေးကိုယ်ကိုကြည့်အုံး ဟိုင်းဝေးလမ်းဖြစ်နေတဲ့အပြင် ကလေးလည်းမမွေးနိုင်ဘူးတဲ့ မမ ကလေးကိုချစ်သေးလားဟင်🥺🥺"
"အရူးမလေး မမချစ်တာ ကလေးကိုလေ ကလေးခန္ဓာကိုယ်ကိုမှမဟုတ်တာ လျှောက်တွေးမနေနဲ့"
"အင်း မမ ကလေးကို မမခန္ဓာကိုယ်ပြပါလားဟင်"
"ဒီမှာလား"
"ဟင့်အင်း အိမ်ကြမှ"
"အင်း"
ချစ်သက်မေက စိုးသက်သခင်ရဲ့ လက်နှစ်ဖက်ကို သူ့လက်ဖဝါးများဖြင့် ခေါင်းအပေါ်ကိုမြှောက်တင်လိုက်ပြီး
"အခုတော့ အလွမ်းဖြေပါရစေအုံး"
"မမသဘော ကလေးလည်းလွမ်းနေတာသိလား အွန်း.."
နှုတ်ခမ်းလေးချွန်ကာပြောလာတဲ့ကလေးကြောင့် ချစ်မေသက် နှုတ်ခမ်းကိုညင်သာစွာနမ်းလိုက်သည်။
နှစ်ယောက်သားနမ်းနေတာကို မေသူတွေ့သွားပြီး စိတ်တိုစွာလက်သီးကိုတင်းတင်းစုပ်ကိုင်လိုက်သည်။
"စိုးသက်သခင် မင်းနောင်တရစေရမယ် တောက်စ်"
မေသူထွက်သွားပြီး ချစ်သက်မေကိုကြိုက်နေတဲ့ မိန်းကလေးများအား စိုးသက်သခင်က မြူဆွယ်နေကြောင်း မသိမသာပြောပြတော့သည်။
သူများကိုနှိုးဆော်ပေးချင်ပေမဲ့ သူမရဲ့နတ်သမီးဆိုတဲ့ ပုံရိပ်ကိုထိန်းထားချင်သေးသည်မို့ ထိုကိစ္စကို တိုက်ရိုက်မပြောပေ...
YOU ARE READING
ကူညီပါရစေ system
FanficGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋