<Unicode>
စိုးသက်သခင် မျက်နှာသစ်ပြီးထွက်လာချိန် မမနဲ့သူ့မိခင်ကိုမတွေ့ရတာကြောင့် ကုတင်ပေါ်တင်ပလွေထိုင်ပြီး ဖုန်းယူကာ ဂိမ်းဝင်ဆော့နေလိုက်သည်။နာရီဝက်ကြာတော့ တစ်ဖက်က ချစ်သက်ထားက တင်းမာနေတဲ့မျက်နှာထားနဲ့ ဗီလာထဲကထွက်သွားလေသည်။
ချစ်သက်မေကတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ဂိမ်းဆော့နေတဲ့သူ့ကလေးဆီပြန်လာကာ
"ဖုန်းအဲ့လောက်မကြည့်နဲ့လေ ကလေးရဲ့ မျက်စိနာနေမယ် ဖုန်းပိတ်လိုက်တော့"
"ခနလေး ခနလေး ဒီတစ်ပွဲဘဲ"
"ကလေး.."
"အော် ပိတ်ပြီ"
"ပြီးရင် မီးဖိုချောင်လာခဲ့ မနက်စာစားကြမယ်"
"အင်း"
ချစ်သက်မေထွက်သွားတာနဲ့ စိုးသက်သခင်က ပွဲကိုပြီးအောင်ပြန်ထိုင်ဆော့နေလိုက်သည်။
ချစ်သက်မေ ပေါင်မုန့်ကို ကြက်ဥမွှေထဲ နစ်ပြီး ဆီပူပူနဲ့ကြော်လိုက်သည်။ပြီးတော့ ကော်ဖီမှုန့်ကို နွားနို့၊နို့မှုန့် ၊သကြားထည့်ကာ နှစ်ခွက်ဖျော်လိုက်သည်။
စားပွဲပေါ်အဆင်သင့်ထားပြီးချိန်ထိ ကလေးက ထွက်မလာသေးတာကြောင့် အိပ်ခန်းထဲပြန်ဝင်ပြီး ကြည့်လိုက်တော့ ဖုန်းကိုသဲကြီးမဲကြီးနှိပ်ပြီး ဂိမ်းဆော့နေသေးသည့်ကလေးကို တွေ့လိုက်ရသည်။
"ကလေး.."
အသံအနည်းငယ်ကျယ်ပြီးခေါ်လိုက်တော့မှ တစ်ဖက်က ဖုန်းကို ကမန်းကတန်းပိတ်ပြီး မျက်လုံးမှေးသွားသည့်ထိပြုံးကာ အနားကိုပြေးလာသည်။
အနားကိုရောက်တာနဲ့ ခါးကိုလက်နှစ်ဖက်နဲ့လာဖက်ကာ ခြေဖျားလေးထောက်ပြီး မေးစေ့ကိုအနမ်းလာခြွေလေသည်။
"မွ မမစိတ်မဆိုးရဘူးနော် မနက်စာစားကြမယ်လေ ကလေးဗိုက်ဆာနေပြီ"
"နောက်တစ်ခါဖုန်းအဲ့လောက်မကြည့်ရဘူး ကြားလား"
"အင်း နောက်ဆို မမမျက်နှာဘဲကြည့်တော့မယ် ပွေ့"
"အင်း😊😊"
ကလေးရဲ့ ခြေနှစ်ချောင်းကို ခါးတွင်ချိတ်တွယ်စေလိုက်ပြီး တင်ပါးကိုလက်တစ်ဖက်နဲ့ထိန်းကိုင်ကာ လက်တစ်ဖက်ကိုတော့ ကျောပေါ်ထားပြီး မီးဖိုချောင်ဆီခေါ်လာခဲ့သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋