system space

7 1 0
                                    

<Unicode>
သွန်းဝတီ space ပြန်ရောက်ချိန်တွင် သူမ၏ system မှာ ထိုင်ကာ ငိုက်နေတာတွေ့လိုက်ရသည်။

"Doll system doll "

"အင်း..."

"ထအုံး"

"...."

သူမပြောလည်း ငိုက်မြဲငိုက်နေသည့် system ကြောင့် သွန်းဝတီစိတ်အချဉ်ပေါက်ကာ ငိုက်နေသည့် doll ကိုအနောက်ကနေ ကန်လိုက်ချိန် doll မှာ ရှေ့ဘက်‌ဖင်ဘူးထောင် ထောင်ပြီးကျသွားတော့သည်။

ဒါတောင် သူကောင့်သားက ကြမ်းပြင်‌ကိုမျက်နှာအပ်ပြ ပြန်အိပ်သွားတော့သည်။ပထမဆုံးအနေနဲ့ သွန်းဝတီ သူ့ဘဝကိုသူသနားမိသွားတာပင်...

သူမ system ကဘာလို့ဒီလောက်တောင် အိပ်ရတာလဲ တစ်ခြား system ရော သူမ system လိုဘဲလား သိတဲ့သူများဖြေပေးကြပါ စောင့်နေပါတယ်...

သွန်းဝတီ အိပ်ငိုက်‌နေတဲ့ system doll ကို ခြေထောက်ကနေတွဲလောင်းမချီပြီး ခါလိုက်သည်။

"အား !!! Host ဘာလုပ်တာလဲ အခုချက်ချင်းလွှတ်စမ်း"

"ငါ့ကို ဇာတ်ကြောင်းတွေအရင်ပေးအုံး ပြီးရင် ကမ္ဘာကူးပြောင်းပေး ပြီးမှ ထပ်ငိုက်"

"ဟုတ် အောက်ချပေးအုံး

အမည်-သွန်းဝတီ
သွားရမည့်ကမ္ဘာ-၄

နောက်ကမ္ဘာအတွက် ဇာတ်ကြောင်း၊mission တစ်ခါထဲလွှဲပေးမယ်..ပြည့်စေ ဥုံဖွ.."

ထိုစကားသာပြောပြီး doll မှာ ထိုင်လျက်နဲ့ ပြန်ငိုက်သွားတော့သည်။

သွန်းဝတီ သူမမှတ်ဉာဏ်ထဲတိုးဝင်လာတဲ့ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းက သာမာန်ကျောင်းက အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်...

ဇာတ်လိုက်အမည်မှာ ဟိုချွန်းဆောင်း ဖြစ်ပြီး ဝမ် ကျောင်းတော်မှာ အတော်ဆုံးအချောဆုံး လူတစ်ယောက်ဖြစ်သည်။

ဇာတ်လိုက်မကတော့ ဝမ် ကျောင်းတော်၏အပယ်ခံ ပတ်ဆွန်းနာ ဖြစ်သည်။ပတ်ဆွန်းနာဟာ scholarship ကြောင့် ဝမ်ကျောင်းတော်ကိုပြောင်းလာခဲ့သည့်ကျောင်းသူတစ်ယောက်ဖြစ်သည်။

သူမသည်မျက်နှာကိုအမြဲတမ်း ဆံပင်ရှည်ဖြင့်ဖုံးအုပ်ထားပြီး စာသာကြိုးစားလေသည်။ဒါကြောင့်ဘဲ အနိုင်ကျင့်ခံရတာမဆန်းပေ..

ကူညီပါရစေ system Where stories live. Discover now