<Unicode>
သွန်းဝတီနောက်ကမ္ဘာရောက်ချိန်တွင် ကျောင်းသူ 2 ယောက် ကျောင်းသား 4 ယောက်နဲ့အတူ စတိုခန်းတစ်ခုတွင်ထိုင်နေသည်။တစ်ခြားသူတွေက စိတ်ပျက်လက်ပျက်နဲ့ကြမ်းပြင်ပေါ်ခြေဆင်းထိုင်နေပေမဲ့ သွန်းဝတီကတော့ wheelchair ပေါ်တွင် ခြေထောက်ကိုစောင်ခြုံထားကာထိုင်နေသည်။
ဒီလိုဒက္ခိတက ဒီချိန်ထိအသက်ရှင်နေသေးတာ အံဩစရာကောင်းလှသည်။မူလ Rose ဟာ လူတွေအော်ဟစ်နေတာကို ကြားကတည်းက သူ့ကိုတိုက်သွားကြမှာဆိုးလို့ စတိုခန်းတွင်လာရောက်နေနေခြင်းပင်...
တစ်ခြားသူတွေ မောဟိုက်စွာရောက်လာပြီး တစ်ကျောင်းလုံး ဇွန်ဘီတွေပြည့်ကုန်ပြီလို့ အော်ဟစ်ပြောနေတာကြောင့် သူမက ကြောက်လွန်းလို့ ဘယ်မှမရွေ့ ဘာမှမလုပ်တာကြောင့် အခုချိန်ထိအသက်ရှင်နေခြင်းပင်...
သွန်းဝတီ သူ့ရဲ့ခြေထောက်ကို ဆိတ်ကြည့်လိုက်ပေမဲ့ဘာမှမခံစားရပေ..သူမဝမ်းနည်းပြီးမျက်နှာငယ်သွားသည်။
သူမသာအောက်ပိုင်းမကောင်းရင် သူ့ကလေးကို ဘယ်လိုအနိုင်ကျင့်လို့ရတော့မှာလဲ သူမတွေးရင်း ပိုမိုဝမ်းနည်းလာသည်။
(သွန်းဝတီကို Rose လို့သုံးပါပြီ)
တစ်ခြားလူတွေဟာ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေကြပြီး တစ်ချို့ ယောက်ျားလေးတွေက တံခါးကိုအသာဟကာ အပြင်တွင်ဇွန်ဘီရှိမရှိစပ်စုနေကြသည်။
ဒီဇွန်ဘီတွေရဲ့ထူးခြားချက်က နံရံတစ်ခုခြားငွားလျှင် လူ့သွေးအနံ့ကိုအာရုံခံလို့မရတော့တာဖြစ်သည်။
ပြီးတော့ ဇွန်ဘီတွေဟာ မျက်စိလည်းမမြင်နိုင်သလို နားလည်းမကြားကြပေ..သူတို့မှာအကောင်းတိုင်းရှိတာဆိုလို့ လူ့သွေးကိုအနံ့ခံနိုင်သည့်နှာခေါင်းများသာဖြစ်သည်။
Rose. အခန်းထဲမှာရှိတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီး အနားသို့ကပ်သွားကာ လက်ကောက်ဝတ်နှစ်ခုကို တစ်ဖက်ဆီဆွဲပြီး နှလုံးခုန်သံကိုနားထောင်ကြည့်လိုက်သည်။
"ဒုတ် ဒုတ် ဒုတ်"
ဆိုတဲ့ပုံမှန်စည်းချက်သာဖြစ်နေတာကြောင့် မျက်နှာသေနဲ့အခန်းထဲက ထွက်ဖို့ပြင်လိုက်သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋